ဒီဘဝမှာတော့ ဝူရုန်က ဟေးရွမ်ရီကို ထပ်မံမြင်တွေ့ရတာကို မမုန်းတော့ဘူး။ဖြစ်နိုင်တာက အရင်ဘဝတုန်းက သူမသေခင်မှာ ဟေးရွမ်ရီက ဝူအိမ်တော်ကိုရောက်လာတာကြောင့်ဖြစ်နိုင်တယ်။ဟေးရွမ်ရီက သူ့ကို ကယ်ဖို့ရောက်လာခဲ့တာ ဟုတ်သလားဆိုတာက အရေးမကြီးဘူး။အနည်းဆုံးတော့ ဟေးရွမ်ရီက သူ့ကိုမထိခိုက်စေခဲ့တာကြောင့် သူ့စိတ်ထဲမှာ အခြားလူတွေနှင့်ကွာခြားမှုရှိတယ်။

ဟေးရွမ်ရီက ဝူရုန်၏ အရှေ့မှာ ရပ်လိုက်ပြီး ဝူရုန်၏ဝတုတ်ဖောင်းကားလုံးဝန်းနေသည့် မျက်နှာလေးကိုစူးစိုက်ကြည့်လိုက်တယ်။ဟေးရွမ်ရီက ဝူရုန်၏မျက်ဝန်းထဲက ရှုပ်ထွေးမှုတွေကို မြင်လိုက်ရတာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။

ဝူရုန်က သူ့ရှေ့မှာရှိသည့် ကြောက်စရာကောင်းသည့် မျက်နှာကိုမြင်မှ သတိပြန်ဝင်လာတယ်။

အရင်ဘဝတုန်းက သူက ဒီကြောက်စရာကောင်းသည့် မျက်နှာနှင့် အကြိမ်ပေါင်းများစွာ မျက်နှာချင်းဆိုင်ခဲ့ပေမဲ့ သူကအမြဲတမ်းကြောက်လန့်ခဲ့တယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ဒီကြောက်စရာကောင်းသည့် မျက်နှာသည် အတုအယောင်မျက်နှာဖုံးဆိုတာသိခဲ့ရပြီး ဒီအတုအယောင်မျက်နှာ၏အောက်မှာ စကားနှင့်ပြောဆိုဖို့တောင် ခက်ခဲလှသည့် အလွန်ချောမောသည့် နတ်ဘုရားလိုချောမောခန့်ညားသည့် မျက်နှာရှိနေခဲ့တယ်။

ဒါကြောင့် ဝူရုန်က ဒီလိုချောမောသည့်သူက သူ့လိုလူကို ဘာကြောင့်လက်ထပ်ခဲ့လည်းဆိုတာ နားမလည်ခဲ့ဘူး။ဒါပေမဲ့ အခုအချိန်မှာတော့ ဟေးရွမ်ရီ၏ဒီကြောက်စရာကောင်းလှသည့် မျက်နှာကို ကြောက်ရွံ့တော့မှာမဟုတ်ဘူး။

ဝူရုန်က သူ၏ဝတုတ်နေသောခန္ဓာကိုယ်ကို ဟေးရွမ်ရီဘေးကို တိုးကပ်သွားလိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီက ဘာမှမပြောလိုက်ရသေးခင်မှာဘဲ ဝူရုန်က ဟေးရွမ်ရီ၏လက်ကိုဆွဲလိုက်တယ်။ဟေးရွမ်ရီက နူးညံ့သည့် အထိအတွေ့ကိုခံစားလိုက်ရတယ်။သူက ဒီအထိအတွေ့ကြောင့် စိတ်ကျေနပ်မှုကိုခံစားလိုက်ရပြီး ဝူရုန်က သူ့ကိုစိုက်ကြည့်နေတာကြောင့် ပြောစရာရှိမှန်းသိလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now