Chapter(1+2)

7.6K 618 3
                                    

သူရဲ့အသက်ရှည်ခြင်းအချပ်ပြားကို ချိုးဖြတ်ပြီးသည့်နောက်မှာ သူကစတင်ပြီး စိတ်စွမ်းအင်ကိုပိုဆိုင်ခဲ့ပြီးကျင့်ကြံလာနိုင်တယ်။သူက အရိပ်သူခိုးစွမ်းရည်ကလွဲရင် တခြားသော အရိပ်စွမ်းရည်တွေကိုပိုင်ဆိုင်ခဲ့ပြီး စတင်ပြီးကျင့်ကြံခဲ့တယ်။

ရန်ကျီဇောင်က တံခါးနားမှာရပ်နေသည့် အစောင့်တွေကိုအမိန့်ပေးလိုက်တယ်"သူတို့ကိုခေါ်ခဲ့"

"ဟုတ်"အစောင့်လေးယောက်က ပြန်ဖြေလိုက်ပြီးနောက်မှာ သူတို့က အဖြူရောင်ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲကို ပါးစပ်တွေကိုပိတ်ထားပြီးခေါ်ဆောင်လာတယ်။အစောင့်တွေက ထိုစုံတွဲ၏ဒူးကိုကန်လိုက်ပြီး သူတို့ကဒူးထောက်ကျသွားတယ်။

ထိုစုံတွဲက ဝူရုန်ကို သံကြိုးတွေနှင့်ချည်ထားတာထားတာ ကိုတွေ့လိုက်ရတာကြောင့် ဝမ်းနည်းစွာငိုကြွေးလိုက်တယ်။

"အဖေ!အမေ!"ဝူရုန်က သူ၏မိဘတွေကိုတွေ့လိုက်ရတာကြောင့် တုန်လုပ်သွားပြီး ဒေါသတကြီးအော်လိုက်တယ်။

"ကျီဇောင်!မင်းဘာလုပ်တာလဲ? ငါ့မိဘတွေကိုလွတ်ပေးလိုက်"

ရန်ကျီဇောင်ကဓားကို ဆွဲထုတ်လိုက်ပြီး ဝူရုန်ဖခင်၏ လက်မောင်းကို ခုတ်ဖြတ်လိုက်တယ်။

"ဝူး"ဝူရုန်ဖခင်၏မျက်လုံးတွေက ပျူးကျယ်သွားပြီး သူ့ရဲ့နဖူးပေါ်မှာ ချွေးတွေထွက်လာတာကို ကြည့်ပြီး သူဘယ်လောက်နာကျင်နေလဲဆိုတာ သိနိုင်တယ်။

"ဝူး"ဝူရုန်၏မိခင်လည်း သူမ၏ယောကျာ်းကိုကြည့်၍ ငိုကြွေး လိုက်တယ်။

ဝူရုန်က အေးခဲသွားပြီး အခုဖြစ်နေတာက သူကအရက်မူးနေလို့ အမြင်မှားတာမဟုတ်ဘဲ အဖြစ်မှန်ဆိုတာ နားလည်သွားတယ်။

ရန်ကျီဇောင်က ဝူရုန်ဖခင်၏နောက်လက်တစ်ဖက်ကို ဆောင့်နင်းလိုက်ပြီး လှောင်သည့်အသံနှင့်ပြောလိုက်တယ်"ဝူရုန် မင်းမပြောသေးဘူးလား?မင်းဘယ်နေရာမှာဝှက်ထားလဲ?"

"ဝူး"ဝူရုန်၏ဖခင်ဟာနာကျင်မှုကြောင့် မြေကြီးပေါ်မှာလဲကျသွားတယ်။

"ရန်ကျီဇောင် မင်း..."ဝူရုန်က အော်လိုက်တယ်။

ရန်ကျီဇောင်က ဝူရုန်ဖခင်၏လည်ပင်းကို ဓားနှင့်ချိန်လိုက်ပြီး"မင်းပြောစရာမရှိဘူးလား?"

COTAW(Zawgyi)On viuen les histories. Descobreix ara