မိန်ယဲ့က ထိုစကားကို မသိမသာလေး ပြောလိုက်ခြင်း မဟုတ်ပေ။ ထိုစကား၏ အနက်အဓိပ္ပာယ်ကို အသိရှိသူတိုင်း နားလည်နိုင်ပေသည်။

"ကျွန်မ စိတ်အထင် ပိုင်ဒေသရဲ့ နောက်ကွယ်ကလူက ကောင်းကင်နန်းတော်မှာပဲ ရှိနေမှာ စိုးရိမ်မိပါတယ်"

"ဘာ.."

နတ်စစ်သူကြီးကျန်းက ထိုစကားကို ငြင်းဆိုခြင်း မရှိသလို လက်ခံခြင်းလည်း မရှိပေ။

ဟူအာသည်သာ ထိုစကားကို အလွန်တရာ အံ့အားသင့်သွားမိခြင်း ဖြစ်၏။ ကောင်းကင်နန်းတော်က အမှန်တကယ်ပင် အပုပ်အသိုးများ များပြားလိုက်ပါဘိ။

"မင်း ဘယ်လို စကားမျိုးကို ပြောနေတာလဲ။ နောင်တစ်ချိန်မှာ သူ့ခမည်းတော်က ကောင်းကင်နန်းတော်ရဲ့ ထီးနန်းကို ဆက်ခံရရှိမှာ သူက ဒီလို အလုပ်မျိုးကို လုပ်ဖို လိုနေလိုလား"

"မင်းတို.."

ဟူအာ၏ အသိစိတ်က ဝေဝါးလာပြီး ဇဝေဇဝါ ဖြစ်လာလေ၏။

ဟူအာ၏ အသိစိတ်က ဝေဝါးလာသည်နှင့် နောက်ထပ်အသိစိတ်ရှိသည့် ဝိညာဉ်တစ်ခုက ထပ်မံ အသက်ဝင်လာတော့သည်။

>>သူတို မင်းကို အပြစ်တင် ပြောဆိုနေတာ မကြားဘူးလား။ မင်း သူတိုကို ရိုက်လို ရနေတာပဲ ငြိမ်ခံမနေနဲ့ မရှက်ဘူးလား မင်းက ကျိုးရင်းရဲ့သား မဟုတ်ဘူးလား

"မင်း တိတ်တိတ်နေ.."

ဟူအာ ထကြွ သောင်းကျန်းလာသော တလီကျိုးဟူကို လျင်မြန်စွာ ဖိနှိပ်လိုက်ရသည်။

>> ဆူတယ်။ မင်း ငါ့ကိုတော့ ဆူရဲတယ်။ အချိန်တိုင်း ဆူနေတာပဲ။ မင်း သူ့ကိုကျတော့ မဆူရဲဘူးလား။ သူက ဘယ်သူမိုလိုလဲ။ စစ်သူကြီးလေး တစ်ယောက်ပဲကို။ မင်း မမေ့လိုက်နဲ့ ငါတိုက နတ်မင်းသား။

{ဘယ်သူပြောတာလဲ မင်းက နတ်မင်းသားလို၊ မင်းက ငါ့ကိုယ်ပွားလေး တစ်ယောက်ပဲ}

>> ဟား ဟား ဟား ဟုန်ဟူရေ ဟုန်ဟူ.. ဒါကို ဒီလို အတိအကျ ပြောလိုတော့ မရဘူးလေ။ မင်းကပဲ ကိုယ်ပွားလား ငါကပဲ ကိုယ်ပွားလား ဆိုတာကို ဘယ်သူသိနိုင်မှာလဲ။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now