ဟူအာက ထိုသို့ တွေးထားသော်လည်း ကောင်းကင်နန်းတော်မှ တွေးဆချက်က ထိုသို့ မဖြစ်နေခဲ့ပေ။ ထိုအစား စစ်မေးခြင်းက ပြင်းထန်လာ၏။ ရိုက်နှက်သော ပစ္စည်းများအားလုံးသည် ကောင်းကင်လျှပ်စီးများ ပါဝင်နေလေရာ တစ်ချက်စီတိုင်း၌ နတ်ဝိညာဉ်သို့ ထိခိုက်မိစေနိုင်သည့် ပြင်းထန်မှုမျိုး ပါဝင်နေပေသည်။

"မင်းတို့ ထုတ်ပြောလိုက်တာ ကောင်းမယ်။ နာမ်မဲ့နတ်တွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အသက်ဓာတ်ကို ကြာရှည်အောင် ထိန်းသိမ်းထားပေးတဲ့ဖန်ပုလင်းတစ်လုံးစီ ရှိတယ်။ အဲဒီဖန်ပုလင်းတွေက ပိုင်ဒေသနေ ထုတ်တာပဲ။ ပိုင်ဒေသကသာလျှင် ဒီလို အရည်အသွေးမျိုးနဲ့ လက်မှုအတတ်ပညာကို တတ်ကျွမ်းကြတာ.."

မိန်ယဲ့က သူမအနားရှိ စားပွဲပေါ်တွင် ဖန်ပုလင်းကို ထုတ်ယူပြီး တင်လိုက်ကာ လက်မှုပညာသည်များကို ဖိအားပေးတော့သည်။

ကျိုးဟူ ဖန်ပုလင်းကို မြင်သည်နှင့် ချက်ချင်းပင် သိလိုက်သည်။ ထိုဖန်ပုလင်းက သူ၏ ကောင်းကင် သန္ဓေသားအိမ် အမှုန်အစတချို့ကို ထည့်ထားသည့် ပုလင်းနှင့် အတူတူပင် ဖြစ်၏။ ထိုပုလင်းငယ်က ပိုင်ဒေသမှ လက်မှုအတတ်ပညာသည်များ ပြုလုပ်ထားခြင်း ဖြစ်သည်။

ဆိုရလျှင် မိသားစုတစ်ခုတည်းအတွက်သာ ရည်စူးပြီး ထုတ်လုပ်ပေးသော ဖန်ပုလင်းများ ဖြစ်၏။ ထိုဖန်ပုလင်းများကို အသုံးပြုသည်မှာ ပိုင်ဒေသ၏ အုပ်ချုပ်သူ ဖြစ်သော ပိုင်မင်းကြီးတို့ မိသားစုပင် ဖြစ်သည်။

နတ်မြေခွေးများသည် သစ္စာတရားကြီးမားလှသည်။ အထူးသဖြင့် သူတို့ ချစ်ခင်မြတ်နိုးရသည့် ပိုင်မိသားစုကို ဖြစ်သည်။ ထို့အပြင် ပိုင်ဒေသမှ ပိုင်မိသားစုက နတ်မြေခွေးဒေသကို တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အားလုံးသော မြေနတ်မျိုးငယ်များကို ပိုင်ဒေသအတွင်း ဝင်ရောက်နေထိုင်ရန် လုပ်ကိုင်စားသောက်ရန် ခွင့်ပြုပေးခဲ့သည်။ အသက်ဓာတ်စုဆောင်းခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကိုပင် သင်ကြားပေးခဲ့သေး၏။

ပိုင်ဒေသမှ မြေနတ်များက ပိုင်မင်းကြီး၏ မိသားစုကို အထူးတလည် ချစ်ခင်ကြသည်။ ထိခိုက်ခွင့် ပြုမည် မဟုတ်ပေ။ ထိုသူများက ကောင်းကင်မှ ဖြစ်နေလျှင်ပင် သူတို့က သူတို့ရနိုင်သမျှ အံတင်းတင်း ကြိတ်ထားအုံးမည် ဖြစ်သည်။ သူတို့ သေဆုံးသွားလျှင်ပင် ပိုင်မင်းကြီး၏မိသားစုက သူတို့၏ စကားတစ်ခွန်းကြောင့်တော့ အန္တရာယ်အဖြစ်ခံစေမည် မဟုတ်ပေ။

မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာရီWhere stories live. Discover now