Chapter 65 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၄)【Volume 4】

380 57 0
                                    

【Unicode】

Volume 4 : ဗိသုကာဌာန

Chapter 65 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၄)

ခယ်ရှောင်ပင်း၏ ခန့်မှန်းချက်ကြောင့် လူသတ်သမားက သဘာဝလွန်စွမ်းအားများရှိပြီး ချင်လု၏ ‘ကျောက်ထုလွှာလှုပ်ရှားမှု’ကဲ့သို့ အဆောက်အဦးမှ လွတ်မြောက်နိုင်ရင် သူတို့သည် ချင်လု၏စွမ်းရည်ကို အားကိုးပြီး ‌စောင့်ကြည့်ရေးကင်မရာ၏ အချက်အလက်ကိုကူးခဲ့သလို ထိုသူလည်း ရှောင်လွှဲနိုင်လိမ့်မည်။

လူတိုင်းက မသိစိတ်ကနေ ချင်လုဆီကို အာရုံပြောင်းသွားသည်။

ချင်လုက ကမန်းကတန်းပြောလာသည်။
"ကျောက်ထုလွှာလှုပ်ရှားမှုက ပထဝီဌာနရဲ့ စွမ်းရည်တစ်ခုပါ… ဒီစာမေးပွဲမှာ ‌လူဦးရေကန့်သတ်ချက်က 12 ယောက်ဖြစ်ပြီး ငါတို့သုတေသနအဖွဲ့က နေရာ 11 ခုပဲ ယူထားတာဆိုတော့ ငါတို့က လူသတ်သမားဖြစ်တဲ့ နောက်ထပ်ပထဝီဌာနက ကျောင်းသားတစ်ယောက်နဲ့ ယှဉ်ပြိုင်နေတာလား? ဒါက… မဖြစ်နိုင်ဘူးမလား?"

ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။
"မဖြစ်နိုင်ဘူး… စာမေးပွဲခန်းမှာ အများဆုံးလူအရေအတွက်က 12 ယောက်ပဲ… လူ 12 ယောက်ပါတဲ့ အဆင့် 3 သုတေသနအဖွဲ့ကတော့ တိုက်ရိုက်ဖြေဆိုနိုင်တယ်ဆိုတာ သိသာပါတယ်… လူ 8 ယောက်ပါတဲ့ အဆင့် 2 သုတေသနအဖွဲ့နဲ့ လူ 4 ယောက်ပါတဲ့ အဆင့် 1 သုတေသနအဖွဲ့တွေကို စာမေးပွဲခန်းထဲ အတူတူတွဲဖက်ပြီး ပေါင်းထည့်လိမ့်မယ်… လက်ရှိမှာ ငါတို့ကအဖွဲ့က လူမပြည့်သေးဘဲ အဖွဲ့ဝင်တစ်ယောက် လိုနေသေးတယ်ဆိုပေမယ့် အဖွဲ့အများစုက စာမေးပွဲခန်းထဲကို ခွဲတမ်းအပြည့်နဲ့ဝင်လိမ့်မယ်…"

ကျိုဖုန်းက ထောက်ခံသည်။
"ဟုတ်တယ်… ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်ရဲ့ အဖွဲ့က ချင်းလန်ပြောတာတော့ အဆင့် 3 သုတေသနအဖွဲ့ကို တိုးမြင့်ပြီး အဖွဲ့မှာ လူ 12 ယောက်ပြည့်အောင် ပြင်ဆင်နေတယ်တဲ့… ဒီတော့ အဲဒီအဖွဲ့သာ စာမေးပွဲခန်းထဲ ဝင်သွားမယ်ဆိုရင် လူသတ်သမားအတွက် နေရာမရှိတော့ဘူးမလား?"

ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။
"တူညီတဲ့သင်တန်းစာမေးပွဲအတွက် စာကြည့်တိုက်က ငါတို့ 11 အဖွဲ့အတွက်ပဲ ဇာတ်အိမ်ကိုပြောင်းပြီး နောက်ထပ်ဝင်လာတဲ့ လူသတ်သမားနဲ့ ကစားခိုင်းလောက်လား?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now