Chapter 37(Part-2) (ကျောင်းသားသဘောတူညီချက် ၀၂)

701 136 4
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 37(Part-2) (ကျောင်းသားသဘောတူညီချက် ၀၂)

ယွဲ့ရှင်းဝမ်က သူမကို မော့ကြည့်လိုက်တော့ ချန်မုယွင်ဆိုတာ သူသိသွားသည်။ မနှစ်က နိုင်ငံတကာတက္ကသိုလ်စကားရည်လုပြိုင်ပွဲမှာ သူတို့တွေ အချင်းချင်း ပြိုင်ခဲ့ကြသည်။ သူမ၏နူးညံ့သိမ့်မွေ့သော အသွင်အပြင်နှင့် ချိုမြသော အပြုံးတို့ကို မကြည့်နှင့်၊ သူမတွင် အားကောင်းသော စကားပြောစွမ်းရည်ရှိသည်။ သူမသည် ပေကျင်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာန၏ ကျောင်းသားကောင်စီဥက္ကဋ္ဌဖြစ်ပြီး အမျိုးသမီးဥက္ကဋ္ဌအနည်းငယ်ထဲမှ တစ်ဦးဖြစ်ကာ ပြစ်မှုဆိုင်ရာဥပဒေကိုလည်း လေ့လာနေသူဖြစ်သည်။

ကျွမ်းကျင်သူတစ်ယောက်ဆိုသည့်အတိုင်း ယွဲ့ရှင်းဝမ် ရုန်းကန်နေရသည့် ပြဿနာများကို ထောက်ပြခဲ့သည်။ စည်းမျဉ်းစည်းကမ်းများက ချမှတ်ရ လွယ်ကူသော်လည်း အခက်ခဲဆုံးမှာ ပြဋ္ဌာန်းရန်ဖြစ်သည်။ ထိုကျောင်းသားတွေကို ဘယ်လိုအပြစ်ပေးမည်နည်း။

ကျန်းဖျင်စစ်က ရုတ်တရက် မိုက်ခရိုဖုန်းကို နှိပ်လိုက်သည်။
"ကျွန်တော်တို့ ကြီးကြပ်ရေးအဖွဲ့ကို တည်ထောင်နိုင်ပါတယ်... စည်းကမ်းချိုးဖောက်တဲ့ ကျောင်းသားတွေကို အမည်ပျက်စာရင်းသွင်းပြီး သုတေသနအဖွဲ့ကနေ ထုတ်ပစ်ဖို့ တောင်းဆိုပါမယ်... ဘယ်သုတေသနအဖွဲ့မှ အဲဒီလူကို မခေါ်တော့ဘူးဆိုရင် နောက်သင်တန်းတွေကို အောင်ဖို့မဖြစ်နိုင်တော့ပါဘူး... စည်းမျဉ်းတွေ ချမှတ်ပြီးပြီဆိုရင် အဲဒါတွေကို အကောင်အထည်ဖော်ဖို့ နည်းလမ်းတွေကလည်း ခိုင်ခိုင်မာမာရှိရပါမယ်... ဒါမှ နောက်နောင် ပြဿနာတွေကို ပပျောက်ဖို့ အခြားသူတွေကို စံနမူနာပြနိုင်ရမယ်... ကြီးကြပ်ရေးအဖွဲ့အတွင်း မျက်နှာသာပေးမှု မရှိခြင်းနှင့် တရားမျှတမှုရှိစေရန်အတွက် ကြီးကြပ်ဖို့ ကျောင်းသားတချို့ကို ခေါ်ယူနိုင်ပါတယ်..."

ယွဲ့ရှင်းဝမ်၏ တောက်ပပြီး ကြည်လင်သောအသံနှင့် နှိုင်းယှဉ်လျှင် ကျန်းဖျင်စစ်၏အမူအရာက အေးစက်ပြီး သူ့အသံက တိုးကာ အေးစက်ပေမယ့် စကားလုံးတိုင်းက အသံအောင်ပြီး အားကောင်သည်-- သူက ထင်မြင်ချက်ပေးပုံမပေါ်ဘဲ သုံးသပ်ချက်ကို ထုတ်ပြန်လိုက်ပုံပေါ်သည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now