Chapter 43 (သေခြင်းကုဒ် ၀၂) 『Volume 3 : သင်္ချာဌာန』

723 128 1
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 43 (သေခြင်းကုဒ် ၀၂)

ယွဲ့ရှင်းဝမ်က အတည်ပြုရန်သင်တန်းရွေးချယ်မှုတွင် 'Yes' ခလုတ်ကို နှိပ်လိုက်ပြီး သူတို့၏နားထဲတွင် ရင်းနှီးသော စက်ရုပ်သံပေါ်လာသည်။
"သင်တန်းကို အောင်မြင်စွာရွေးချယ်နိုင်တဲ့အတွက် C-183 သုတေသနအဖွဲ့ကို ဂုဏ်ယူပါတယ်... စာမေးပွဲခန်းတွေက ကျောင်းသား 12 ယောက်သာ ကန့်သတ်ထားပါတယ်... အတန်းတူ စာမေးပွဲဖြေဆိုသူတွေနဲ့ ကိုက်ညီအောင် ကျေးဇူးပြု၍ စောင့်ပေးပါ... ကိုက်ညီတဲ့ကျောင်းသားတွေ 12 ထက်နည်းရင် စာမေးပွဲခန်းကို လူ 4 ယောက်နဲ့အထက်မှ ဖွင့်လိုက်ရပါမယ်..."

ကျောင်းသား 12 ဦးပါ အတန်းတစ်တန်းသည် သုတေသနအဖွဲ့ 3 ဖွဲ့နှင့် ကိုက်ညီဖွယ်ရှိသည်။ "သေခြင်းကုဒ်"အတန်းကို ရောက်လာသော ကျောင်းသားအများစုဟာ အဖွဲ့ကောင်းတစ်ဖွဲ့ကို တွေ့ပါလိမ့်မည်။ ဒီစာမေးပွဲမှာ ကြုံတွေ့ရသော အတန်းတူအဖွဲ့ဝင်များသည် သိပ်ပြီးဆိုးရွားတာမဟုတ်ဖို့ မျှော်လင့်မိသည်။ သူတို့တွေက မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ သူတို့ခြေထောက်တွေကို ဆွဲချသူမဖြစ်သင့်ပေ။

အချိန်က မနက် 8 နာရီကို ရောက်သောအခါ သူတို့လေးယောက်က တစ်ချိန်တည်း နေရာပြောင်းသွားသည်--

သူတို့ စာကြည့်တိုက်ထဲမှာတုန်းက မနက်ပဲ ရှိသေးပေမယ့် စာမေးပွဲခန်းထဲ ရောက်တော့ ညဘက်ဖြစ်သွားသည်။

နေဝင်သွားပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင်က ခပ်မှိန်မှိန်သာကျန်ရှိတော့သည်။ အရှေ့ဘက်တွင် ထူထပ်သော တောအုပ်ကြီးတစ်ခု ရှိနေကြောင်း သိသာထင်ရှားပြီး တောအုပ်၏ နက်နဲရာဆီသို့ အကွေ့အကောက်များသော လမ်းတစ်ခုရှိနေသည်။ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး သက်ရှိတစ်ကောင်မှ မမြင်ရပေ။ တောနက်ကြီးက မကောင်းဆိုးရွားတွေလို ပါးစပ်ကြီးဖွင့်ကာ သူတို့ကို မျိုချတော့မလိုနဲ့ ဆင်တူသည်။

တောအုပ်ထဲမှာရှိတတ်သော သရဲတစ္ဆေပုံပြင်တချို့ကို အလွယ်တကူ မှတ်မိကြသည်။

လျှိုကျောက်ချင်းက ကြက်သီးမွေးညင်းထနေသော သူ့နောက်ကျောကို လှုပ်ယမ်းကာ အရွှန်းဖောက်သည်။
"ဒီနေရာက ဘာလို့ဒီလောက် တုန်လှုပ်ချောက်ချားစရာကောင်းနေတာလဲ?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now