Chapter 35 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ဇာတ်သိမ်း) 『Volume 2』

707 144 0
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 35 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ဇာတ်သိမ်း)

ဒီညမှာတော့ လူတိုင်းက အေးချမ်းစွာ အိပ်စက်ကြပြီး အိမ်မက်ဆိုးတွေ မက်ကြသည်။ တက္ကသိုလ်ကျောင်းသားတစ်စုသည် ဝံပုလွေများကို အနီးကပ် တိုက်ခိုက်ခဲ့ကြသည်။ ဒီလို စိတ်လှုပ်ရှားစရာ အတွေ့အကြုံက တကယ့်ကို မမေ့နိုင်စရာပါပဲ။ ကျောင်းသားတော်တော်များများက ဝံပုလွေတွေ၏ လိုက်ဖမ်းတာကို အိမ်မက်မက်ပြီး ခယ်ရှောင်ပင်းက သူ့ကို ဝံပုလွေတွေ ကိုက်ပြီး အစိတ်စိတ်အမြွှာမြွှာ ကိုက်ဆွဲတာကို အိမ်မက်မက်ခဲ့သည်...

မနက်အိပ်ရာနိုးသောအခါ ကျောင်းသားအများစုဟာ အိမ်မက်ဆိုးတွေကြောင့် စိတ်ပူပန်ခဲ့ကြပြီး မျက်နှာများက ပိုရုပ်ဆိုးလာသည်။

ယွဲ့ရှင်းဝမ်က လူတိုင်းကို နှုတ်ဆက်ပြီး မနက်စာစားပြီးနောက် စိတ်သက်သာရာရစေရန် ပြုံးပြသည်။
"မနေ့ညက အဖြစ်အပျက်တွေက ပြီးသွားပါပြီ... အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးမှတ်ကို သွားကြတာပေါ့... ငါတို့ ဒီသင်တန်းကို အောင်နိုင်မှာပါ..."

ခယ်ရှောင်ပင်းက လက်ပ်တော့ကိုဖွင့်ပြီး မြေပုံကိုကြည့်ကာ မေးသည်။
"ဘယ်လမ်းကနေ သွားကြမှာလဲ?"

ကျန်းဖျင်စစ်က လမ်းကြောင်းကို တွက်ချက်ခဲ့သည်။
"မူရင်းလမ်းကနေပြန်သွားတာက အန္တရာယ်အကင်းဆုံးပဲ... ငါတို့က အဆုံးမှတ်နဲ့ ကီလိုမီတာ 60 ကျော်ဝေးတဲ့ ကျွန်းအစွန်းမှာရှိနေပြီး လမ်းလျှောက်ဖို့ 12 နာရီကျော်ကြာလိမ့်မယ်... အခုက မနက် 8 နာရီဆိုတော့ အလယ်မှာခဏနားရင် အဆုံးမှတ်ကို ည 10 နာရီမှာ ရောက်နိုင်တယ်..."

ယွဲ့ရှင်းဝမ်က ပြောသည်။
"စာမေးပွဲက ဒီနေ့ည 12 နာရီမှာ ပြီးမှာ... ငါတို့ရဲ့အချိန်က နည်းနည်းကျပ်လွန်းနေတယ်..."

ခယ်ရှောင်ပင်းက မေးလာသည်။
"ရှင်းဝမ်၊ မင်းမှာ အရှိန်မြင့်တဲ့စွမ်းရည် ရှိတယ်မဟုတ်ဘူးလား? ငါးဆအရှိန်မြင့်နိုင်တဲ့ 'အလင်းကဲ့သို့လျင်မြန်ခြင်း'လေ..."

"အဲဒီစွမ်းရည်က ငါ့အဖွဲ့ရဲ့ အဖွဲ့ဝင်တွေအပေါ်ပဲ အကျုံးဝင်တာ..." ယွဲ့ရှင်းဝမ်က ရှင်းယန်ကို ပြန်ကြည့်သည်။ "ငါမင်းကို မကူညီနိုင်ဘူး..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now