Chapter 16 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၁၁) 『Volume 1 : ဆေးပညာဌာန』

750 132 0
                                    

『Unicode』

Volume 1: ဆေးပညာဌာန

Chapter 16 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၁၁)

ယခုအပိုမေးခွန်းအတွက် ရွေးချယ်စရာများကို ဆုံးဖြတ်ပြီးသောအခါ အကောင်းဆုံးအဖြေကိုရှာဖွေရန် နောက်တစ်ဆင့်မှာ "ဖယ်ထုတ်ခြင်းနည်းလမ်း" ကို အသုံးပြုရန်ဖြစ်သည်။

ယွဲ့ရှင်းဝမ်သည် laptop ထဲတွင်ရှိသော သေဆုံးသူ အယောက် 20 ကို တစ်ချက်ကြည့်ပြီး ခယ်ရှောင်ပင်းအား ပြောသည်။
"သေဆုံးတဲ့အချိန်အတိုင်း လူတွေကို ပြန်လည်စုဖွဲ့လိုက်... လူနာစုစုပေါင်း သေဆုံးမှု ဘယ်နှစ်ခါရှိပြီလဲ?"

ခယ်ရှောင်ပင်းက ပြန်ဖြေသည်။
"စုစုပေါင်းလေးကြိမ်ရှိသွားပြီ... ဇွန်လ 1 ရက်မှ 3 ရက်အထိ လူ 5 ဦး သေဆုံးခဲ့ပြီး ဩဂုတ်လ 10 ရက်မှ 13 ရက်အတွင်း လူ 7 ဦး သေဆုံးပြီးတော့ အောက်တိုဘာလ 15 ရက်မှ 20ရက်အထိ လူ 8 ဦး‌ သေဆုံးခဲ့တယ်... ငါတို့ဆေးရုံတင်ထားရတဲ့အချိန်က ဒီဇင်ဘာလ 24 ရက်ဖြစ်ပြီး နှစ်ရက်အတွင်း နောက်ထပ် 8 ယောက် သေဆုံးခဲ့တယ်..."

ယွဲ့ရှင်းဝမ်သည် သေဆုံးမှုလေးခေါက်ကို အသေအချာကြည့်ရှုပြီး ဆက်လက်ပြောသည်။
"သေဆုံးမှုလေးခါအတွင်း နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ ကျန်ရစ်ခဲ့တဲ့ လူနာတွေ၊ ဆရာဝန်‌တွေနဲ့ သူနာပြုတွေအားလုံးကို စုဆောင်းပြီး လူထပ်နေတဲ့ အမြင့်ဆုံးစာရင်းကို ရှာဖွေပါ..."

ခယ်ရှောင်ပင်းသည် နာမည်ဖြင့် စီထားခြင်းဖြစ်ပြီး ဇယားများကို နှိုင်းယှဉ်ခြင်းရန် အဖြေမှာ အလွန်ရှင်းလင်းပါသည်။

ခယ်ရှောင်ပင်းသည် စာရွက်တစ်ရွက်ပေါ်မှာ ဆုံးဖြတ်ထားသည့် ရွေးချယ်စရာငါးခုကို ချရေးပြီး ခွဲခြမ်းစိတ်ဖြာခဲ့သည်။
"ပထမ၊ ကုတင်နံပါတ် 20 က ပြီးခဲ့တဲ့ ပြစ်မှုတွေမှာ သူရှိနေခဲ့တာမဟုတ်ဘူး... ဒါက သူ့ရဲ့ပထမဆုံး ဆေးရုံတက်တာပဲ... သူက ပြစ်မှုတွေနဲ့ ကိုက်ညီခြင်းမရှိတာကြောင့် ဖယ်ထုတ်လို့ရတယ်..."

ယွဲ့ရှင်းဝမ်က 'ရွေးချယ်စရာ A'ခြစ်ပြီး ဆက်လက် ခွဲခြမ်းစိတ်ဖြာခဲ့သည်။
"ဒုတိယ၊ ကုတင်နံပါတ် 21၊ အသက် 56 နှစ်ရှိပြီဖြစ်တဲ့ ရွှီတဖန်က တစ်ချိန်က ဆေးဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်... ဇွန်လ 1 ရက်နဲ့ ဩဂုတ်လ 10 က ပြစ်မှုတွေမှာ ရှိခဲ့ပေမယ့် အောက်တိုဘာ 15 ရက်မှာ ဆေးရုံတင်ထားခြင်းမရှိဘူး... ဆိုလိုတာက လူနာတွေသေဆုံးမှု လေးခါမှာ သူက တစ်ကြိမ်မရှိခဲ့တဲ့အတွက် လူသတ်သမားမဟုတ်ဘူး... အဓိကသက်သေပဲ..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now