Chapter 31 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၇) 『Volume 2』

703 135 8
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 31 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၇)

ကျန်းဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့၏ ရွှေ့လျားနေသော လမ်းကြောင်းသည် တောင်ခြေမှ အဆုံးအထိ အတိုဆုံးနှင့် အချိန်သက်သာဆုံး လမ်းကြောင်းဖြစ်သည်။ သို့သော် တောင်ပေါ်မှဆင်းပြီးနောက် အနီးအနားတွင် အဖွဲ့များစွာ ဆင်းသက်လာသည်ကို တွေ့ရှိခဲ့ရပြီး အမှတ်ကတ်များကို ရှင်းလင်းခဲ့ကြသည်။ ဒီလမ်းအတိုင်း ဆက်လျှောက်နေမယ်ဆိုရင် ပန်းတိုင်ရောက်သောအခါ အမှတ် 60 တောင် ရမှာမဟုတ်ချေ။

အမှတ်များ မလုံလောက်ပါက သတ်မှတ်ထားသော အချိန်အတွင်း အဆုံးမှတ်သို့ ရောက်လျှင်ပင် အောင်မြင်သည်ဟု သတ်မှတ်မည်မဟုတ်ပေ။

ဤဧရိယာ၏အရှေ့တောင်ဘက်တွင် လျှိုရှောင်းရှောင်းနှင့် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်၏အဖွဲ့ရှိသည်။ မြောက်ဘက်တွင် အားကစားတက္ကသိုလ်၏ ယောင်္ကျားလေးအဖွဲ့ရှိသည်။ အနောက်ဘက်မှာတော့ ချင်လု၏အဖွဲ့ ရှိနေပြန်သည်။

လူတွေက နေရာတိုင်းမှာရှိသည်။ ယွဲ့ရှင်းဝမ်က အခြားသူများနှင့် အမှတ်ခွဲဝေရန် အချိန်မဖြုန်းချင်ပေ။ သူနဲ့အတူ ယူလာသောမြေပုံကိုဖွင့်ပြီး ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောသည်။
"ငါတို့ ဒီထက်ပိုကြာတဲ့လမ်းကိုရွေးပြီး အပြင်ကနေ ပတ်သွားကြမလား?"

မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် အဆုံးမှတ်ကိုညွှန်ပြကာ ပြောသည်။
"စာမေးပွဲက မနက်ည 12 မတိုင်ခင် အဆုံးမှတ်ကို ရောက်ဖို့လိုတယ်... ကျောင်းသားအဖွဲ့အများစုက ဒီနေ့မှာပဲ အဆုံးမှတ်ဆီ ဦးတည်သွားလောက်ပြီ... ငါတို့က နေ့လယ်ခင်းအထိ တောင်ပေါ်မှာရှိနေခဲ့တာဆိုတော့ ငါတို့ရဲ့လှုပ်ရှားမှုက သူတို့ထက် နှေးတယ်... တကယ်လို့ ငါတို့က အဲဒီအဖွဲ့အုပ်စုကြီးတွေရဲ့ နောက်ကနေ အဆုံးမှတ်ကို လိုက်သွားမယ်ဆိုရင် အမှတ်ကတ်တွေ ရမှာမဟုတ်တော့ဘူး..."

ဒီနေ့က စာမေးပွဲအတွက် အရေးကြီးဆုံးနေ့ဖြစ်သည်။ ကျောင်းသားအဖွဲ့များအားလုံးက စတင်လှုပ်ရှားနေပြီဖြစ်ပြီး နေရာတိုင်းတွင် အမှတ်များရှာဖွေရန် အလျင်အမြန်လုပ်ဆောင်နေကြသည်။ သူတို့၏ဧရိယာက အဖွဲ့အများဆုံးဆင်းသက်သည့်နေရာဖြစ်ပြီး လူဦးရေများပြားကာ လမ်းတစ်လျှောက် အမှတ်ကတ်အများစုကို သိမ်းသွားခဲ့သည်။ အခြားအဖွဲ့များ သွားသည့်လမ်းအတိုင်း အဆုံးမှတ်ကို သွားပါက သူတို့အတွက် အမှတ် 60 ရဖို့ အလွန်ခက်ခဲသည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon