Chapter 50 (သေခြင်းကုဒ် ၁၀) 『Volume 3 : သင်္ချာဌာန』

624 116 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 50 (သေခြင်းကုဒ် ၁၀)

ဒုတိယနေ့ ညဘက်ရောက်တော့ ထမင်းစားခန်းထဲမှာ အားလုံးက ဖယောင်းတိုင်တွေ ထွန်းကြသည်။

မနေ့ညက အိမ်မက်ထဲက ဇာတ်လမ်းကို တွေးရင်း ယွဲ့ရှင်းဝမ်သည် အတန်းဖော်များကို ကြည့်လိုက်၏။
"ဒီညမှာ အခန်းတွေကို ပြန်သတ်မှတ်ပြီး လူ 8 ယောက်က အခန်း 8 ခန်းတိတိမှာ နေရမယ်... အိမ်မက်တွေ ထပ်ပြီးပေါ်လာရင် လူတိုင်းက ဂရုတစိုက် စောင့်ကြည့်ပြီး အိမ်မက်ထဲက သဲလွန်စတွေကို စုဆောင်းရမယ်..."

မနေ့ညက လော့ကျားကျားနှင့် လုခိုင်တို့ကြောင့် သူတို့သည် အိမ်မက်တစ်ခုကို လွတ်သွားပြီး အိမ်မက်သဲလွန်စတွေက မပြီးသေးသလို သူတို့တွေခံစားရသည်။ ယွဲ့ရှင်းဝမ်သည် အိမ်မက်၏ သဲလွန်စများ ထပ်ခါထပ်ခါ ပေါ်လာမည်ဟု မှန်းဆကာ လော့ကျားကျား နေထိုင်သည့် အခန်းကို ရွေးချယ်ရန် အစပြုခဲ့သည်။
"ဒီည ငါ အခန်း 8 မှာ နေမယ်..."

ကောင်းရှောင်ရှင်းက လျင်မြန်စွာ ပြောလာသည်။
"ငါ အခန်း 6 မှာပဲ ဆက်နေလို့ရမလား?"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး ကောင်းရုန်ချန်ကို ကြည့်ကာ
"ငါတို့မှာ လူအလုံအလောက်မရှိဘူး၊ မင်းတို့နှစ်ယောက်က သဲလွန်စတွေစုဆောင်းဖို့ တစ်ခန်းစီနေတာ ပိုကောင်းတယ်... အဆင်ပြေလား?"

ကောင်းရုန်ချန်က ရိုးရှင်းစွာ ပြောသည်။
"ကိစ္စမရှိပါဘူး... ရှောင်ရှင်းရဲ့ဘေးခန်းက အခန်း 4 မှာ ငါနေလိုက်မယ်..."

ကျန်းဖျင်စစ်: "မင်းတို့အရင်ရွေးကြ..."

လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့က အခန်း 5 နှင့် 7 ကို အသီးသီးရွေးချယ်ခဲ့ကြပြီး ချင်မြောင်နှင့် ချင်လုတို့က အခန်း 2 နှင့် 3 ကို ရွေးချယ်ခဲ့ကာ အခန်း 1 သာ ကျန်ရှိတော့သည်။

အားလုံးက ကျန်းဖျင်စစ်ကို တညီတညွတ်တည်း ကြည့်လာကြသည်။

ကျန်းဖျင်စစ်၏လေသံက လေးတွဲနေသည်။
"ငါ အခန်း 1 မှာ နေလိုက်မယ်..."

အခန်း 1 က မင်္ဂလာအခန်းဖြစ်ပြီး အငွေ့အသက် အလွန်ထူးဆန်းကာ ယနေ့မှာတော့ ကုတင်ဘေးမှာ သိုလှောင်ခန်းတစ်ခုကို တွေ့ခဲ့သည်။ ထိုအထဲမှာ အလောင်း 6 လောင်းကို သပ်သပ်ရပ်ရပ် ထားရှိထားသည်။ သူတို့သည် အလောင်းများနှင့် တကယ်ကို တစ်ခန်းတည်းမနေချင်ပေ။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now