Chapter 45 (သေခြင်းကုဒ် ၀၄) 『Volume 3 : သင်္ချာဌာန』

659 115 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 45 (သေခြင်းကုဒ် ၀၄)

တစ္ဆေသတို့သမီးခုနစ်ယောက်သည် သူတို့၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးများရှိနေသည်။ သူတို့လက်ထဲတွင်ရှိသော အနီရောင်ချည်မျှင်သည် လူတိုင်းဆီသို့ ပျံတက်သွားပြီး သူတို့၏ ဦးခေါင်းထက်တွင် လရောင်က ဖုံးအုပ်နေကာ ယွဲ့ရှင်းဝမ်က လျင်မြန်စွာ အော်လိုက်သည်။
"အားလုံး ချင်လုရဲ့အနားကို လျင်မြန်စွာလာကြ!"

လူတိုင်းက ချင်လုအနားမှာ ဝိုင်းလာကြပြီး ချင်လုက ကမ္ဘာလုံးကို သူမလက်ချောင်းဖြင့် နှစ်ကြိမ် မြန်ဆန်စွာ ထိလိုက်ပြီးနောက် ကျောက်ထုလွှာလှုပ်ရှားမှုက ချက်ချင်း တောက်အုပ်ထဲသို့ ရွေ့လျားသွားကာ တစ္ဆေအုပ်စုကို အဝေးမှာ ထားခဲ့သည်။

ကောင်းရှောင်ရှင်းက တုန်လှုပ်ခြောက်ခြားစွာဖြင့် ဆက်မေးသည်။
"လော့ကျားကျားတို့ကရော?"

ယွဲ့ရှင်းဝမ်: "မင်းတို့အန္တရာယ်ကြုံရင်း အပြင်ထွက်ပြီး အခန်းနံပါတ် 4 မှာရှိတဲ့ ချင်လုရဲ့ တံခါးဆီ ပြေးဖို့ ငါပြောထားပြီးသားပဲ... ဒါပေမယ့် သူမက လှေကားကနေ ပြေးဆင်းသွားတယ်... သူမကို တစ္ဆေက တားလိုက်တာ ဖြစ်နိုင်တယ်..."

ခုနက တည်းခိုခန်းထဲကနေ ကျယ်လောင်သောအော်သံကိုတွေးရင်း ကောင်းရှောင်ရှင်း၏ခန္ဓာကိုယ်က တုန်ရီသွားကာ သူမဘေးနားရှိ သူမချစ်သူကို လျင်မြန်စွာကြည့်လိုက်သည်။
"သုတေသနအဖွဲ့ chat channel ထဲမှာ နင်သူတို့ကို message ပို့ကြည့်လိုက်!"

ကောင်းရုန်ချန်က လေးနက်သောမျက်နှာဖြင့် သုတေသနအဖွဲ့ chat channel ထဲတွင် လျင်မြန်စွာ စာရိုက်ခဲ့သည်။
"လုခိုင်၊ လော့ကျားကျား၊ တောအုပ်ထဲကိုလာခဲ့!"

သို့သော် တုံ့ပြန်မှု လုံးဝမရှိခဲ့ပေ။

ကောင်းရုန်ချန်၏မျက်နှာက ဖြူဖျော့နေသည်။
"ငါ့ညီဝမ်းကွဲက ပုံမှန်အားဖြင့် စိတ်နှေးနေသူဖြစ်တယ်... ငါတို့ ညစာစားဖို့ ချိန်ထားတိုင်း အမြဲနောက်ကျမှရောက်တယ်... နည်းတောင်နည်းသေးတယ်!"
ကောင်းရှောင်ရှင်းက သူမ၏နှုတ်ခမ်းကိုကိုက်ကာ ဘာမှမပြောပေ။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now