Chapter 55 (တရားဝင်အဖွဲ့ ၀၁) 『Volume 3 : သင်္ချာဌာန』

739 121 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 55 (တရားဝင်အဖွဲ့ ၀၁)

စိတ်လှုပ်ရှားစရာဖြင့် တည်းခိုခန်းလောကမှာ 6 ရက်ကြာ ပြီးဆုံးပြီးနောက် ယွဲ့ရှင်းဝမ်တို့ လေးယောက်သည် စာကြည့်တိုက်ကို ပြန်ရောက်ချိန်မှာတော့ မနက် 10 နာရီသာ ရှိသေးသည်။ သင်တန်အားလုံးအတွက် စာမေးပွဲများ ပြီးဆုံးသွားခဲ့ပြီး ဒုတိယထပ်ရှိ သင်္ချာဌာန၏ ခန်းမဆောင်တွင် လူများဖြင့် ပြည့်ကျပ်နေဆဲဖြစ်သည်။

သူတို့လေးယောက်က F-930 အိပ်ဆောင်ကို ဓာတ်လှေကားဖြင့် သွားခဲ့ပြီး အိပ်ဆောင်တံခါးတွင် စာမေးပွဲကနေ ပြန်ရောက်လာသော စီနီယာအစ်ကိုကျိုဖုန်း၏အဖွဲ့ကို တွေ့လိုက်ရသည်။

ကျိုဖုန်းက ပထမဆုံးစကားစပြီး မေးလာသည်။
"စာမေးပွဲအခြေအနေ ဘယ်လိုရှိလဲ?"

ယွဲ့ရှင်းဝမ်: "ရမှတ်ကတော့ ကောင်းတယ်... ကျွန်တော်တို့ 95 မှတ်ရခဲ့တယ်... စာမေးပွဲလုပ်ငန်းစဉ်မှာ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေတော့ ရှိတယ်..."

ကျိုဖုန်းက အခန်းကို လက်ဗွေဖြင့် ဖွင့်လိုက်သည်။
"အထဲဝင်ပြီး ပြောရအောင်..."

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အခန်းထဲကို လိုက်သွားပြီး 'သေခြင်းကုဒ်'သင်တန်း၏ စာမေးပွဲလုပ်ငန်းစဉ်ကို အတိုချုံးဖော်ပြခဲ့သည်။

ဒါကိုကြားပြီးနောက် လင်းမန့်လောက်၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။
"တစ္ဆေသတို့သမီးနဲ့ ဝိညာဉ်အကျဉ်းချတာမျိုးလည်း ရှိသေးတာလား? လွန်ခဲ့တဲ့အပတ်က သင်္ချာဌာနမှာ ငါတို့တက်ခဲ့တဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းထက် ဒီဟာက ပိုခက်ခဲတယ်..."

ကျိုဖုန်းက မျက်မှောင်ကြုတ်သွားသည်။
"ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းက အပတ်တိုင်း ပြောင်းနေပုံပဲ... ဒီတော့ မင်းတို့သာ ဒီအပတ်ကို မကျော်နိုင်ရင် နောက်အပတ်က ပိုခက်လိမ့်မယ်..."

ရွှီယိရှန်းက သူ့နဖူးကို ပွတ်ကာ ပြုံးလိုက်သည်။
"တကယ်တမ်းတော့ စာကြည့်တိုက်ရဲ့ သင်တန်းတွေက ဒီအတိုင်းပဲ ဆက်ပြီးတူညီနေမယ်ဆိုရင် သင်တန်းကို ပြန်တက်တဲ့အခါ စာရွက်ထဲက ကူးချသလိုမျိုးပဲ ဖြစ်နေမှာ... သင်တန်းတွေကို ပြောင်းလိုက်တာက ကျောင်းသားတွေကို ပေါ့ပေါ့ပါးပါး စိတ်မျိုးမဖြစ်စေချင်လို့ထင်တယ်... ဒါ့အပြင် ပြန်လည်ဖြေဆိုတာက ပိုခက်လာပြီး ကျဖို့ကလည်း လွယ်လာသလို နောက်တစ်ခါ ထပ်ကျရင် သူတို့က ရှင်းပစ်ခံရလိမ့်မယ်..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now