Chapter 48(Part-1) (သေခြင်းကုဒ် ၀၇၊၀၈) 『Volume 3 : သင်္ချာဌာန』

611 121 1
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 48 (သေခြင်းကုဒ် ၀၇၊၀၈) Part-1

ဖယောင်းတိုင်မီးများထွန်းညှိမှုအောက်တွင် ဒီအဖြူရောင်လူသားအရိုစုများနှင့် အနီရောင်အဝတ်အစားများသည် ထင်းနေ၏။ ဒီမြင်ကွင်းက လူတိုင်းကို ကြက်သီးမွေးညင်းထသွားစေသည်။

ယွဲ့ရှင်းဝမ်က မနေ့ညက အခန်း 1 မှာ အိပ်ခဲ့ပြီး တကယ်တော့ သူက အလောင်းခန်း၏ ဘေးမှာ အိပ်နေခဲ့တာလား? သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလာပြီး ပျို့အန်ချင်တာကို ခုခံရင်း ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။
"လူသတ်သမားက စိတ်ရောဂါရနေမှန်း သိသာလွန်းတယ်... လူတွေအများကြီးသတ်ပြီး သေဆုံးသူတွေကို သတို့သမီးအဝတ်အစားတွေဝတ်ပြီးတော့ သပ်သပ်ရပ်တောင် ဒီမှာထားထားသေးတယ်... 'သတို့သမီးပြပွဲခန်းမ'အဖြစ် တည်ဆောက်မလို့လား?"

အလောင်း 6 လောင်းသည် တူညီသောအဝတ်အစားကို ဝတ်ဆင်ထားရုံသာမက ထိုင်ခံာပေါ်၌ပင် တူညီသော ကိုယ်ဟန်အနေအထားဖြင့် ထိုင်နေကာ အထည်ဆိုင်တွင် ပြသထားသည့် မော်ဒယ်ရုပ်များကဲ့သို့ပင် အလောင်း 6 လောင်းကို ဘေးချင်းကပ်လျက် ထားရှိထားသည်။ ဤ'မော်ဒယ်ရုပ်များ'ကတော့ အဖြူရောင်အရိုးစုများ ဖြစ်လာခြင်းသာဖြစ်သည်။

ကျန်းဖျင်စစ်က ခွဲခြမ်းစိတ်ဖြာသည်။
"လူသတ်သမားက အနီရောင်ဝတ်သတို့သမီးအပေါ် ပြင်းပြင်းထန်ထန် အငြိုးထားနေတာ ဖြစ်နိုင်တယ်... သူက အနီရောင်ဝတ်သတို့သမီးကြောင့် စိတ်ထိခိုက်သွားခဲ့တာ ဖြစ်နိုင်တယ်... သူ့စိတ်ထဲမှာ ပုန်းအောင်းနေတဲ့ ရန်ငြိုးက တဖြည်းဖြည်း စိတ်ရောဂါ ဖြစ်ပေါ်လာစေတယ်... သူ့စိတ်ပိုင်းဆိုင်ရာ နာကြဉ်းမှုကို ဖြေဖျောက်ဖို့ သတို့သမီးတွေကို လိုက်သတ်နေတာလား?"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သဘောတူသည်။
"ဒါက ဖြစ်နိုင်ချေများတယ်... တစ်ခုတည်းသော ထူးဆန်းတဲ့အရာ အလောင်း 6 လောင်းကိုပဲ ရှာတွေ့သေးပြီး ဒါပေမယ့် မနေ့ညက ငါတို့အနောက်ကို လိုက်လာတာ တစ္ဆေသတို့သမီး 7 ယောက်ရှိတယ်... အရေအတွက်က မကိုက်ညီဘူး... နောက်ဆုံးတစ်ယောက်က ဘယ်မှာလဲ?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now