Chapter 26 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၂) 『Volume 2』

726 128 10
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 26 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၂)

ယွဲ့ရှင်းဝမ်တို့ လေးယောက် ‌ရဟတ်ယာဉ်ပေါ်ကနေ အရင်ခုန်ဆင်းပြီးနောက် အခန်းထဲက ကျောင်းသားတွေက ဒီမြင်ကွင်းကို မြင်သောအခါ တံခါးဆီ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

မိန်းကလေးတစ်ယောက်က လက်ကိုဆန့်ပြီး ဆံပင်ရှည်တွေကို ချည်လိုက်သည်။
"ခုန်ချကြရအောင်! 10 မိနစ်ပြီးရင် ငါတို့ကို အတင်းပစ်ချတာထက် ပိုကောင်းပါတယ်... ငါးစာအဖြစ်တော့ ပင်လယ်ထဲကို ငါပစ်ချမခံချင်ဘူး!"

သူမက အသက်ပြင်းပြင်းရှူရင်း အောက်ကို ခုန်ချလိုက်ပြီး အခြားအဖွဲ့ဝင်သုံးယောက်ကလည်း သတိရှိရှိဖြင့် တစ်ယောက်တစ်ယောက် ခုန်ဆင်းသွားကြသည်။

များမကြာမီ လေထဲတွင် လေထီးများ ပွင့်သွားသည်။

အခန်းထဲတွင် အမြင့်ကြောက်သည့် လျှိုရှောင်းရှောင်းက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ပြောသည်။
"စီနီယာအစ်ကို၊ ကျွန်မတို့..."

ချင်းလန်က ရိုးရှင်းစွာ ဆိုသည်။
"အမှီလိုက်ရအောင်... အမြင့်ကို အာရုံစိုက်ပြီး မီတာ 500 မတိုင်ခင် လေထီးကို သေချာပေါက်ဖွင့်ပါ..."

သူ အရင်ဆုံးခုန်ချလိုက်တော့ လျှိုရှောင်းရှောင်းက အခန်းတွင်း၏ လက်တန်းကို ဖျော့တော့သောမျက်နှာဖြင့် ဖမ်းကိုင်လိုက်ပြီး သူမဘေးက စီနီယာအစ်မက သူမပခုံးကို ညင်သာစွာပုတ်ပြီး ပြောသည်။
"မကြောက်နဲ့... နင့်ရဲ့မျက်လုံးတွေကိုမှိတ်ပြီး ခုန်ချလိုက်... နင် လေထီးဖွင့်မယ့် အမြင့်ကိုရောက်ရင် ငါနင့်ကိုသတိပေးမယ်..."

လျှိုရှောင်းရှောင်းက အံကြိတ်ကာ မျက်လုံးမှိတ်ပြီး ခုန်ချသွားပြီးနောက် သူမ၏မျက်နှာက 'သေမှာမကြောက်ဘူး'ဆိုသကဲ့သို့ သူရဲကောင်းဆန်သည်။

အဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခုန်ချသွားပြီးနောက် အခြားအဖွဲ့များကလည်း အခန်းတံခါးဆီသို့ ရောက်လာကြသည်။

အမြင့်ကြောက်တတ်ပြီး ခြေထောက်အားပျော့နေသူများနှင့် လက်တန်းကို လွတ်ရန် ငြင်းဆန်နေသူများမှလွဲ၍ ကျောင်းသားအများစုက ရဟတ်ယာဉ်ကနေ ခုန်ချသွားကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ ပွင့်နေသော လေထီးများသည် လေထဲတွင် ပန်းပွင့်များပွင့်နေသကဲ့သို့ နေရာတိုင်းတွင် ရှိနေသည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Där berättelser lever. Upptäck nu