Chapter 42 (သေခြင်းကုဒ် ၀၁) 『Volume 3 : သင်္ချာဌာန』

793 119 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 42 (သေခြင်းကုဒ် ၀၁)

ယွဲ့ရှင်းဝမ်က ဆေးပညာဌာန၏ အတန်းအချိန်ဇယားကို ကြည့်လိုက်သည်။ ယနေ့တွင် ဆေးပညာဌာန၏ မသင်မနေရသင်တန်း 'နှလုံးသွေးကြောဆိုင်ရာလူနာဆောင်'သင်တန်းကို မနက် 8 နာရီတွင် စတင်ခဲ့တာကြောင့် အခုက 10 နာရီခွဲပြီဖြစ်ပြီး ကျိုဖုန်းနဲ့ အခြားသူတွေ ပြန်ရောက်လောက်ပြီ။ သူက သုတေသနအဖွဲ့ chat channel မှာ မေးလိုက်သည်။
"စီနီယာအစ်ကိုကျို ပြန်ရောက်ပြီလား?"

ခယ်ရှောင်ပင်းက လျင်မြန်စွာ ပြန်ဖြေသည်။
"သူတို့ အခုလေးတင်မှ အိပ်ဆောင်ကို ပြန်ရောက်တာ... စီနီယာအစ်ကိုကပြောတယ် သူတို့ ဒီအရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့ အတန်းကို ရှင်းလင်းရေးအမှတ် 70 နဲ့ ကပ်အောင်ခဲ့တာတဲ့... ဒီတစ်ခေါက် သင်တန်းပြန်တက်တော့ အခက်အခဲက သိသိသာသာတိုးလာပြီး သေဆုံးသူနဲ့ လူသတ်သမားကလည်း ပြောင်းသွားတယ်..."

ယွဲ့ရှင်းဝမ်က သက်ပြင်းချကာ ပြောသည်။
"ပြန်ဖြေရင်က အမှတ်တွေ ရမှာမှမဟုတ်တာ... သူတို့အောင်ရင် ရပါပြီ... နေ့လယ်စာ အတူတူစားရအောင်..."

ဤအခိုက်အတန့်တွင် ယွဲ့ရှင်းဝမ်က သူ့နားထဲ၌ system အချက်ပြသံကို ရုတ်တရက် ကြားလိုက်ရသည်။
"သင့်ဆီမှာ private message အသစ်တစ်ခု ရောက်နေပါပြီ... ကျေးဇူးပြုပြီး စစ်ကြည့်ပါ..."

ယွဲ့ရှင်းဝမ်က ၎င်းကို သံသယဖြင့် ဖွင့်ကြည့်လိုက်ရာ private message တွင် ရင်းနှီးသောနာမည် 'ကျန်းရှောင်နျန်'နှင့်အတူ အကြောင်းအရာမှာ "စီနီယာအစ်ကို၊ ကျွန်တော် F-965 မှာ"ဟု ရေးထားသည်။ စာကြည့်တိုက်ရှိ သတ်မှတ်ထားသော အတန်းဖော်များထံ private message ပေးပို့တာက အမှတ်များကုန်တာကြောင့် ကျန်းရှောင်နျန်က အချက်အလက်ကို ရိုးရှင်းစေရန် အစွမ်းကုန်ကြိုးစားပြီး ယွဲ့ရှင်းဝမ် သူ့ကို ရှာစေရန် အိပ်ဆောင်နံပါတ်ကို သိသာစွာဖော်ပြထားသည်။

14 ရက်နေ့တွင် နှင်းများထူထပ်စွာကျနေတာကို ယွဲ့ရှင်းဝမ် သတိရမိသည်။ ထိုင်ခုံနေရာယူဖို့ စာကြည့်တိုက်ကို သွားခဲ့ရာ အိပ်ဆောင်၏ ထောင့်နားကို လှမ်းကြည့်လိုက်တော့ အတန်းဖော်တစ်ယောက်က နှင်းထဲကို တလှုပ်လှုပ်နဲ့ ဖြဲကားပြီး လဲကျသွားတာကို တွေ့လိုက်ရသည်။ သူက ထိုကျောင်းသားကို ကူညီပေးခဲ့ပြီး ကျန်းရှောင်နျန်မှန်း သိလိုက်ရသည်။ သူတို့နှစ်ယောက် အတူတူ စာကြည့်တိုက်ကို လာခဲ့ကြသည်။ ယွဲ့ရှင်းဝမ်က ပထမထပ်က အီလက်ထရွန်နစ်စာဖတ်ခန်းကို သွားခဲ့ပြီး ကျန်းရှောင်နျန်က 4 ထပ်မြောက်ရှိ စာကြည့်ခန်းကို သွားခဲ့ရာ နောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတော့ပေ။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now