Chapter 3 (စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း ၀၁) 『Volume 1: ဆေးပညာဌာန』

1.2K 168 0
                                    

『Unicode』

Volume 1 : ဆေးပညာဌာန

Chapter 3 (စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း ၀၁)

သူ့ရှေ့တွင် မှောင်မဲနေသော စင်္ကြံတစ်ခုရှိပြီး စင်္ကြံအဆုံးတွင် အလင်းတန်းတစ်ခုသာ ပေါ်လာသည်။ ယွဲ့ရှင်းဝမ်သည် အလင်းတန်းလာရာဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သည်။ အလင်းတန်းလာရာမှ တံခါးထဲကိုဝင်ပြီးနောက် သင်တန်းအချက်အလက်ပါရှိသော အကြည်ရောင်လေးထောင့်ဘောင်တစ်ခုက သူ၏ခေါင်းအထက်တွင် ပေါ်လာသည်--

ဆေးပညာဌာန၏ မသင်မနေရသင်တန်း: စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း

ကန့်သတ်ချက်: လူ 1 ယောက်

Credit: 2 မှတ်

သင်တန်းဖော်ပြချက်: သင်သည် အလုပ်သင်ဆရာဝန်တစ်ဦးဖြစ်ပြီး တိရစ္ဆာန်လက်တွေ့စမ်းသပ်မှုများအတွက် အသုံးပြုထားသည့်ဆေးပညာဌာနရှိ လျှို့ဝှက်ဆန်းကြယ်သော ဆေးဘက်ဆိုင်ရာစမ်းသပ်ခန်းသို့ သင်ဝင်ရောက်တော့မည်ဖြစ်သည်။ ထူးဆန်းသည်မှာ စမ်းသပ်ခန်းတိရစ္ဆာန်များသည် တစ်ခုခုကြောင့် မငြိမ်မသက်ဖြစ်လာကြသည်။

စာမေးပွဲလိုအပ်ချက်: မိနစ် 30 အတွင်း စမ်းသပ်ခန်းမှ လွတ်မြောက်ရန် သင့်၏အရှေ့ထွက်ပေါက်မှ ချက်ချင်းထွက်ပြေးပါ။

အပိုမေးခွန်း: တိရစ္ဆာန်များပြောင်းလဲခြင်းနဲ့ ပတ်သက်သည့် ဆေးဝါးကို ရှာဖွေပြီး စမ်းသပ်ခန်းမှ ယူလာခဲ့ပါ။ အပိုမေးခွန်းကို ပြီးမြောက်ပါက အကဲဖြတ်အမှတ် 20 ရလိမ့်မည်။

သူ့မျက်လုံးရှေ့ရှိ စကားလုံးများက လျင်မြန်စွာ ဖြတ်သွားသည်။

အပိုမေးခွန်းလား။ စားမေးပွဲစာရွက်တွင် အပိုမေးခွန်းများ ပေါ်လာခြင်းသည် အဆန်းမဟုတ်ပေ။ ဂိမ်းထဲရှိ အပိုမေးခွန်းသည် အွန်လိုင်းဂိမ်းများ၏ လျှို့ဝှက်တောင်းဆိုမှုများနှင့် ဆင်တူသည်။ သည်အရာကို ပြီးမြောက်လျှင် အပိုဆုလာဘ်တွေ ပေးလိမ့်မည်။ အပိုမေးခွန်း အကဲဖြတ်အမှတ် 20 ကို Credit 2 မှတ်ဖြင့် မြှောက်လျှင် အမှတ် 40 ရနိုင်သည်။ ခြင်များသည် မည်မျှသေးငယ်ပါစေ အသားဖြစ်သည်။ သည်လို လျှို့ဝှက်တောင်းဆိုမှုကို လုပ်နိုင်ဖို့ သူတတ်နိုင်သမျှ ကြိုးစားရမည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Donde viven las historias. Descúbrelo ahora