Chapter 49 (သေခြင်းကုဒ် ၀၉) 『Volume 3 : သင်္ချာဌာန』

653 118 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 49 (သေခြင်းကုဒ် ၀၉)

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ တည်းခိုခန်းကို ပြန်ရောက်သောအခါ ကျန်းဖျင်စစ်က ထင်းတွေကို မီးဖိုချောင်မှာ ထားလိုက်သည်။ ကျောင်းသာများက မှိုတွေနဲ့ တောရိုင်းအသီးအနှံများစွာကို ကောက်ထားကြပြီဖြစ်သည်။ ချင်မြောင်ကလည်း မျှစ်များစွာကို တူးဖော်ပြီး ပြန်လာသည်။ ယွဲ့ရှင်းဝမ်က ကျောင်းသားကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
"ဘယ်သူဟင်းချက်တတ်လဲ?"

ချင်မြောင်က လက်မြှောက်လာသည်။
"ငါချက်လိုက်မယ်..."

တည်းခိုခန်းနောက်ဘက်တွင် ရေတွင်းတစ်တွင်းရှိသည်။ လျှိုကျောက်ချင်းက ရေပုံးတစ်ပုံးယူကာ ရေဖြည့်ပြီး မီးဖိုချောင်ထဲထားလိုက်သည်။ ချင်မြောင်က အိုးဆေးရန် ပုံးထဲက ရေကိုခတ်ပြီး ကျွမ်းကျင်စွာ လောင်းဆေးနေတာကို မြင်သောအခါ လျှိုကျောက်ချင်းက အံ့ဩသွားသည်။
"ဂျူနီယာညီမလေးက ဟင်းချက်တတ်တာလား?"

ချင်မြောင်က အိုးကို ဆေးရင်း ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
"ကျွန်မမိဘတွေ အိမ်မှာ မရှိတဲ့အချိန်တိုင်း ကျွန်မပဲဟင်းချက်တာ..."

ချင်လုက သံယောင်လိုက်သည်။
"ကျွန်မအစ်မရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းပေမယ့် ဒီမှာက ဟင်းချက်လို့ရတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးမရှိတာ ကံဆိုးတယ်..."

လျှိုကျောက်ချင်းက ရယ်သည်။
"ဒါက အများသူငါစိတ်ကြိုက်သင်တန်းထက်တော့ အများကြီး ပိုကောင်းပါတယ်... အနည်းဆုံးတော့ ဆားရှိတာပေါ့!"
သူ့အင်္ကျီလက်တွေကို ခေါက်လိုက်ပြီး သူ့ဘေးက ဟင်းသီးဟင်းရွက်များကို ဆေးကြောကာ သူ၏ညာဘက်လက်ဖြင့် ခွဲစိတ်ဓားအနည်းငယ်ကို ထုတ်ယူပြီး ပြောလိုက်သည်။
"ဒီမီးဖိုချောင်သုံးဓားမှာ သွေးတွေပေနေတယ်... လူသတ်ထားတာလည်း ဖြစ်နိုင်တယ်... သန့်ရှင်းတဲ့ ခွဲစိတ်ဓားနဲ့ မင်းအတွက် ဟင်းသီးဟင်းရွက်တွေကို ငါဖြတ်ပေးမယ်..."

မီးဖိုချောင်ထဲမှာ လူတော်တော်များများက အလုပ်ရှုပ်နေကြပြီး ယွဲ့ရှင်းဝမ်ကဟင်းချက်မတတ်နိုင်တာကြောင့် ထမင်းစားခန်းပွဲမှာ ထိုင်ပြီး ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာရန် ကျန်းဖျင်စစ်ကို ခေါ်လိုက်သည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now