Chapter 37(Part-1) (ကျောင်းသားသဘောတူညီချက် ၀၂) 『Volume 2』

695 133 0
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 37(Part-1) (ကျောင်းသားသဘောတူညီချက် ၀၂)

ချင်းလန်သည် စာကြည့်တိုက်သို့ ပထမဆုံးအသုတ် ဝင်ရောက်ခဲ့သည့် လူတွေထဲတွင် ပါဝင်ပြီး စာကြည့်တိုက်တွင် တစ်ပတ်ခန့်နေပြီးနောက် ဖိုရမ်တွင် လူများစွာနှင့် တွေ့ဆုံခဲ့သည်။ ယွဲ့ရှင်းဝမ်၏ message ကိုရရှိပြီးနောက်တွင် သူသည် တက္ကသိုလ်ကျောင်းသားများစွာကို private message ပေးပို့ပြီး လူများကိုရှာဖွေရန် အကူအညီတောင်းဆိုခဲ့သည်။

တက္ကသိုလ်အားလုံးမှ ကျောင်းသားများနှင့် အဆက်အသွယ်ရရန် မလွယ်ကူပေ။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အိပ်ဆောင်သို့ပြန်ကာ ဦးစွာရေချိုးပြီး နာရီအနည်းငယ်ကြာ အနားယူခဲ့ကြသည်။ ည 8 နာရီမတိုင်ခင် သူက ချင်းလန်ဆီမှ စာရခဲ့သည်။
"ရှင်းဝမ်၊ ငါ လူတွေရှာဖို့ နည်းလမ်းပေါင်းစုံသုံးခဲ့ပြီး နောက်ဆုံးတော့ သူတို့အားလုံးကို ရှာတွေ့ခဲ့ပြီး... ကံကောင်းစွာပဲ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်နေတော့ အားလုံးက ဖိုရမ်မှာ ရှိနေကြတယ်!"

စာကြည့်တိုက်ပတ်ဝန်းကျင်က အလုံပိတ်ထားသဖြင့် ပိတ်ရက်များတွင် အပြင်ထွက်လို့မရသလို ထို့အပြင် ယနေ့က တစ်ကျောင်းလုံး၏ ပထမဆုံး အများသူငါစိတ်ကြိုက်သင်တန်းများ ဖွင့်လှစ်သည့် နေ့ဖြစ်ပြီး ချင်းလန်အတွက် အဓိကတက္ကသိုလ်များ၏ ကျောင်းသားကိုယ်စားလှယ်များကို အမြန်ရှာဖွေရန် အဆင်ပြေသည်။ သူက ရှာနေတာက တက္ကသိုလ်တိုင်း၏ ကျောင်းသားကောင်စီမှ လူတွေကိုဖြစ်သည်။

ယွဲ့ရှင်းဝမ်က လျင်မြန်စွာ မေးသည်။
"လူတိုင်းရဲ့ သဘောထားက ဘယ်လိုလဲ?"

ချင်းလန်က ဆိုသည်။
"သူတို့ကို သုတေသနအဖွဲ့စင်တာမှာ ည 9 နာရီတွေ့ဖို့ ချိန်းထားတယ်... ဒီကိစ္စက အတော်လေးရှုပ်ထွေးတော့ private message ကနေ ရှင်းပြလို့မရဘူး... ဒါကြောင့် မျက်နှာချင်းဆိုင်ပြောပဲ ကျန်တော့တယ်... တက္ကသိုလ်တိုင်းက ကျောင်းသားကောင်စီ ကိုယ်စားလှယ် တော်တော်များများကို ဒီကိုလွတ်လိုက်တယ်... ဒီအကြံအစည်ကို မင်းက အဆိုပြုတာဆိုတော့ အချိန်ကျလာရင် အားလုံးကို စည်းရုံးဖို့ မင်းပြောရမယ်... ဒါပေမယ့် ငါက အစည်းအဝေးမှာ host အဖြစ်ပဲ ကူညီပေးနိုင်မှာ၊ ဘယ်လိုလဲ?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now