Chapter 36 (ကျောင်းသားသဘောတူညီချက် ၀၁) 『Volume 2』

741 129 2
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 36 (ကျောင်းသားသဘောတူညီချက် ၀၁)

အတန်းချိန်ဇယားတွင် ရေးထားသော တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲအတွက် စာမေးပွဲအချိန်က တနင်္ပနွေနေ့ နေ့လယ် 2 နာရီ မှ 4 နာရီထိဖြစ်သည်။ ယွဲ့ရှင်းဝမ်နှင့် အခြားသူများ စာမေးပွဲ ပြီးသောအခါ စာကြည့်တိုင်တွင် 4 နာရီတိတိ ရှိနေပြီဖြစ်သည်။ သူတို့လေးယောက်သည် တောထဲမှာ သုံးရက်ကြာ ငါးကင်စားခဲ့ရပြီး ကန်တင်းက မဖွင့်သေးပေ။ သူတို့သည် ဗိုက်ဆာလွန်း၍ ခေါက်ဆွဲခြောက်ဝယ်ရန် အနုတ် 5 ထပ်မြောက်က စူပါမားကတ်ကို သွားပြီးတော့ စားရန် အိပ်ဆောင်ကို ပြန်သွားကြသည်။

အိပ်ဆောင်တွင် တရားမဝင်လျှပ်စစ်ပစ္စည်းများကို အသုံးမပြုသော်လည်း ရေနွေးနှင့်အတူ ရေသန့်စက်တစ်ခုလည်းရှိသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် F-930 လေးယောက်ခန်းသို့ ခေါက်ဆွဲပြုတ်ရန်လာစဉ် စီနီယာအစ်ကိုကျိုဖုန်းနှင့်လည်း တွေ့ဆုံခဲ့ကြသည်။

ကျိုဖုန်းက သူတို့ကို အိပ်ဆောင်ထဲမှာ စောင့်နေပြီး သူတို့လေးယောက်ကို တွေ့တော့ အလျင်စလို မေးသည်။
"မင်းတို့ စာမေးပွဲ ဖြေနိုင်ခဲ့လား?"

ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။
"အင်း... ကျွန်တော်တို့ အမှတ် 420 ရတယ်... ရလဒ်ကတော့ အိုကေပဲ..."

သူတို့လေးယောက်က လသာဆောင်မှာ ရေနွေးဖြင့် ခေါက်ဆွဲပြုတ်ရင်း ထိုင်စရာနေရာရှာပြီး ဒီအများသူငါစိတ်ကြိုက်သင်တန်း၏ အတွေ့အကြုံတွေအကြောင်းကို စကားစမြည်ပြောကြသည်။ ယွဲ့ရှင်းဝမ်က လေထီးခုန်ခြင်း၊ သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်မှု စသည်တို့ကို အတိုချုံးရှင်းပြခဲ့သည်။ ကျိုဖုန်းက ဒါကိုနားထောင်ပြီးနောက် ပို၍ထိတ်လန့်သွားသည်။
"ဒါဆို တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲက ငါတို့ရဲ့ ကျောက်မျက်ရတနာသုံးသပ်ခြင်းသင်တန်းထက် အများကြီး ပိုခက်ခဲတာပေါ့..."

ရွှီယိရှန်းက သူ၏ဆံပင်ကောက်ကောက်များကို ဖွကာ အပြုံးဖြင့် ပြောသည်။
"ဖြစ်စဉ်ကတော့ နည်းနည်းငြီးငွေ့စရာကောင်းတာနဲ့ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာပဲ ကွာတာပါ... ကျရှုံးမှုနှုန်းကတော့ အတူတူပါပဲ... ကျောက်မျက်ရတနာသုံးသပ်ခြင်းရဲ့ ကျရှုံးမှုနှုန်းကလည်း 30% လောက်ရှိတယ်..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now