Chapter 15 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၁၀) 『Volume 1 : ဆေးပညာဌာန』

786 137 0
                                    

『Unicode』

Volume 1 : ဆေးပညာဌာန

Chapter 15 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၁၀)

ယွဲ့ရှင်းဝမ်၏ စကားကိုကြားပြီး အခြားကျောင်းသားများသည်လည်း ခွဲခြမ်းစိတ်ဖြာဖို့စတင်ရန် သူတို့၏ ဦးနှောက်ဆဲလ်များကို လျင်မြန်စွာ အသက်သွင်းခဲ့သည်။ ညပိုင်းစာမေးပွဲခန်းရှိ မကောင်းဆိုးရွားများသည် နေ့ဘက်တွင် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်၌ သေဆုံးခြင်းဖြင့် ဖြစ်ပေါ်လာသော "နာကြည်းသောဝိညာဥ်များ" ဖြစ်ကြသည်။ သည်တော့ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို မရောက်ခင် သေဆုံးသွားသော လူ 20 က ဘယ်သူတွေနည်း။

လျှိုရှောင်းရှောင်းက ဖြစ်နိုင်ချေတစ်ခုအား ရုတ်တရက်တွေးကာ ပြောသည်။
"အရင်သင်တန်းက ကျရှုံးသွားတဲ့ အတန်းဖော်တွေက နားကြည်းတဲ့ဝိညာဥ်တွေဖြစ်ပြီး ညပိုင်းစာမေးပွဲခန်းထဲမှာ ပေါ်လာတာဖြစ်မလား?"

ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းသည်။
"မဟုတ်ဘူး... "စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း"ရဲ့ ကျရှုံးမှုနှုန်းက 30% ရှိပြီး "နှလုံးသွေးကြောဆိုင်ရာလူနာဆောင်"ရဲ့ ကျရှုံးမှုနှုန်းကလည်း ကျိန်းသေပေါက် မနည်းနိုင်ဘူး... ကျရှုံးသွားတဲ့ ကျောင်းသားအားလုံးကို ညပိုင်းစာမေးပွဲခန်းမှာ ထည့်ထားရင် ငါတို့က မကောင်းဆိုးရွား 20 ကျော်ထက် မကောင်းဆိုးရွားရာနဲ့ချီကို ရင်ဆိုင်ရလိမ့်မယ်..."

ယခင်က ဟွာအန်းတက္ကသိုလ်၏ အမှတ်စာရင်းကို ကြည့်လိုက်တော့ စာကြည့်တိုက်ထဲ ဆွဲသွင်းခံရသည့် ကျောင်းသားတွေ အများကြီးရှိပြီး တစ်နိုင်ငံလုံးက တက္ကသိုလ်များမှ ကျောင်းသားများလည်း စာကြည့်တိုက်ထဲကို ဆွဲသွင်းခံရသည်။ သည်ထူးဆန်းသောစာကြည့်တိုက်ထဲသို့ ဝင်ရောက်နိုင်သော တက္ကသိုလ်ကျောင်းသား ထောင်ပေါင်းများစွာရှိသည်။ ထို့ကြောင့် ညပိုင်းစာမေးပွဲခန်းထဲတွင် ပေါ်လာသော နားကြည်းသောဝိညာဉ် အယောက် 20 က ကျရှုံးသွားသော ကျောင်းသားများဆိုလျှင် အရေအတွက်က လုံးဝမှားယွင်းနေသည်။

လျှိုရှောင်းရှောင်းက သဘောတူသည်။
"ဟုတ်သားပဲ!"
သူမက မျက်မှောင်ကြုတ်ကာ ခဏလောက်တွေးပြီး ပြောသည်။
"တကယ်လို့ ကျွန်မတို့ 10 ယောက်ထဲက တစ်ယောက်ယောက်က ကျရှုံးသွားရင် ဘာဖြစ်မလဲ? ညမှာ ‌မကောင်းဆိုးရွားအဖြစ် ပြောင်းလဲသွားမှာလား?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now