Chapter 52 (သေခြင်းကုဒ် ၁၂) 『Volume 3 : သင်္ချာဌာန』

588 125 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 52 (သေခြင်းကုဒ် ၁၂)

လျှိုကျောက်ချင်းသည် ရေကန်ထဲမှ အရိုးစုကို သစ်ပင်ရိပ်အောက်တွင် ထားခဲ့ပြီး ယွဲ့ရှင်းဝမ်က ခဏကြာအောင် ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ အဝတ်အစားများက ဆွေးမြေ့နေသော်လည်း ၎င်းအပေါ်တွင် ချည်ထိုးထားသော ပုံစံများကိုကြည့်ပြီး ဒုတိယထပ်ရှိ သိုလှောင်ခန်းတွင် တွေ့ရသော သတို့သမီး 6 ယောက်နှင့် တူညီသော မင်္ဂလာဝတ်စုံဖြစ်သည်။

ယွဲ့ရှင်းဝမ်: "ဒီဝတ်စုံက စူးဝမ်ရှင်းရဲ့ မင်္ဂလာဝတ်စုံနဲ့ အတူတူပဲ... လူသတ်သမားက မင်္ဂလာဝတ်စုံ 9 စုံကို ပြင်ဆင်ထားပြီး တစ်စုံက စူးဝမ်ရှင်းအတွက်၊ 7 စုံက သတို့သမီး 7 ယောက်အတွက်ဖြစ်ပြီး ကျန်တစ်စုံကိုက အလှပြသဖို့လား?"

သိုလှောင်ခန်းထဲတွင် အပိုမင်္ဂလာဝတ်စုံကို မတွေ့ခဲ့ရဘဲ လူသတ်သမားသည် သူ၏လူသတ်မှု အောင်မြင်နှုန်းကို သိသိသာသာ ယုံကြည်ထားသည်။

လျှိုကျောက်ချင်းက လှည့်ကြည့်ကာ မေးသည်။
"အရုပ်မှာပါတဲ့ ကုဒ်တွေက ဒီ 7 ယောက်မြောက် သတို့သမီး ချန်ခဲ့တာလား?"

ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် မင်္ဂလာဦးည၏ ပုံရိပ်ကို တွေးကြည့်ကာ
"မဖြစ်နိုင်ဘူး... မင်္ဂလာဦးညမှာ သတို့သားက နာမကျန်းဖြစ်နေပြီး မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သတို့သမီးက မင်္ဂလာခန်းထဲမှာ တစ်ယောက်တည်း နေလိမ့်မယ်... ကုတင်ဘေးက အလောင်းထားခန်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာကို သူမသတိပြုမိပြီး ကမန်းကတန်းထွက်ပြေးရင်း အချိန်အတော်ကြာ မျက်စိကျနေတဲ့ လူသတ်သမား လိုက်ဖမ်းတာခံရပြီး ထိတ်လန့်တကြားနဲ့ ရေထဲပြုတ်ကျသွားတာဖြစ်မယ်... သူမက အရုပ်ကိုဖွင့်ပြီး ကိန်းဂဏန်းကုဒ်တွေနဲ့ သဲလွန်စတစ်ခုကို ထားခဲ့ဖို့ အချိန်မရှိနိုင်ဘူး..."

လျှိုကျောက်ချင်းက မေးစေ့ကိုပွတ်ကာ မေးသည်။
"ဒါပေမယ့် သူမက သိုလှောင်ခန်းထဲမှာ ဝှက်ထားတဲ့ အလောင်းတွေကို တွေ့ပြီး အော်လိုက်မယ်ဆိုရင် အခြားလူတွေလည်း သတိထားမိသွားမှာမဟုတ်ဘူးလား? သူမက ဘာလို့ အခြားကစားသမားတွေကို မခေါ်ဘဲ ထိတ်လန့်တကြား ထွက်ပြေးရတာလဲ?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now