Chapter 47 (သေခြင်းကုဒ် ၀၆) 『Volume 3 : သင်္ချာဌာန』

646 119 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 47 (သေခြင်းကုဒ် ၀၆)

ယွဲ့ရှင်းဝမ်သည် အဆောက်အဦးပုံဆွဲရန် ကျန်းဖျင်းစစ်၏ ချင်းကပ်မှုကို သဘောတူခဲ့သော်လည်း သူတို့တွင် ပေတံမရှိသောကြောင့် တိကျသောပုံများကိုဆွဲရန် ခက်ခဲသည်။ ထို့ကြောင့် ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နားနားကပ်ကာ မေးလိုက်သည်။
"မင်းရဲ့ coordinate system နဲ့ အကွာအဝေးကို တွက်ချက်နိုင်လား?"

ကျန်းဖျင်စစ်: "အင်း... ဒါပေမယ့် ကောင်းရုန်ချန်က ဆောက်လုပ်ရေးဘာသာရပ်ဖြစ်တဲ့အတွက် အခြားနည်းလမ်းတွေ ရှိနိုင်တယ်..."

သေချာစွာပင် ကောင်းရုန်ချန်သည် ဘောပင်နဲ့ စာရွက်ကို ထုတ်ကာ ဂဏန်းပေါင်းစက်နဲ့တူသော ကိရိယာတစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်သည်။ သူရပ်နေသည့် အနေအထားကို အမှတ်အသားပြုပြီးနောက် တည်းခိုခန်း၏ အခြားတစ်ဖက်သို့ အမြန်ပြန်သွားကာ သူ့ကိရိယာပေါ်ရှိ ခလုတ်ကို နှိပ်လိုက်ရာ အနီရောင်လေဆာဖြင့် ပစ်လိုက်ပြီး ဒသမနှစ်နေရာအထိ တိကျသောဂဏန်းတစ်ခုက သူ့ကိရိယာ၏မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

ကောင်းရုန်ချန်က အဆောက်အဦးရေးဆွဲနေတာကို ကြည့်ရင်း ယွဲ့ရှင်းဝမ်က လျှောက်လာပြီး ပြောသည်။
"ဒါက ဗိသုကာဌာနက ထုတ်ပေးတဲ့ တိုင်းတာတဲ့ ကိရိယာလား?"

ကောင်းရုန်ချန်က ခေါင်းညိတ်သည်။
"အင်း... ဒါကို theodolite လို့ခေါ်တယ်... ဝင်ခွင့်‌စာမေးပွဲဖြေပြီးရင် ဗိသုကာကျောင်းသားတွေအားလုံးကို အမှတ်နှစ်ခုကြားအကွာအဝေးကို တိကျစွာတိုင်းတာနိုင်တဲ့ ဒီကိရိယာကို ထုတ်ပေးလိမ့်မယ်..."

ကွန်ပျူတာဌာနက ကျောင်းသားအားလုံးကို လက်ပ်တော့များ ဖြန့်ဝေသကဲ့သို့ပင် ဗိသုကာဌာနက တိုင်းတာရေးကိရိယာများနှင့် ပုံဆွဲခြင်းများကို ကျောင်းအားလုံးထံ ဖြန့်ဝေပေးကာ ကျောင်းသားများအတွက် များစွာအဆင်ပြေစေသည်။

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကူညီရန် အရှေ့တိုးလာခဲ့သည်။

ကောင်းရုန်ချန်က တည်းခိုခန်းတစ်ဝိုက်ရှိ အချက်အလက်များကို လျင်မြန်စွာ တိုင်းတာပြီးသည်နှင့် တည်းခိုခန်း၏ အလျား၊ အနံ့နှင့် အမြင့်၏ တိကျသောတန်ဖိုးများကို ပုံဖော်ကာ ပုံတွင် သုံးဖက်မြင်ရုပ်ပုံတစ်ပုံကို ဆွဲလိုက်သည်။ ထို့နောက် သူတို့သုံးယောက်က အိမ်ထဲသို့ဝင်သွားကာ တည်းခိုခန်း၏ ပထမထပ်နှင့် ဒုတိယထပ်ရှိ အခန်းများ၏ အတွင်းပိုင်းအားလုံးကို တိုင်းတာကြပြီး ကောင်းရုန်ချန်က တိကျသော ဗိသုကာလက်ရာများကို ရေးဆွဲခဲ့သည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now