Chapter 2 (စာကြည့်တိုက် ၀၂) 『Volume 1: ဆေးပညာဌာန』

1.5K 182 16
                                    

『Unicode』

Volume 1 : ဆေးပညာဌာန

Chapter 2 (စာကြည့်တိုက် ၀၂)

ယွဲ့ရှင်းဝမ်သည် တစ်နေ့တာ စာပေများကို စစ်ဆေးခဲ့ပြီး သူ့နားထင်များ နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ယင်နေခဲ့သည်။ သူ့အရှေ့တွင် ပေါ်လာသော ထူးဆန်းသည့် ခန်းမနှင့် သူ့နားထဲတွင် ပေါ်လာသည့် အေးစက်သော စက်ရုံအသံက သူ့ဦးနှောက်ကို ထင်ယောင်ထင်မှားဖြစ်စေသည်။ သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ညစ်လိုက်ပေမယ့် နာကျင်မှုကြောင့် ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာကို ပြသနေသည်။

ယွဲ့ရှင်းဝမ်က အသံဩဩဖြင့် မေးသည်။
"မင်းက ဘယ်သူလဲ?"

စက်ရုံအသံ: "မင်္ဂလာပါ... ငါက စာကြည့်တိုက် system ကျူတာပါ..."

System ကျူတာလား။ အနီးနားတွင် မည်သူမျှမရှိသော်လည်း အသံက သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်နေသည်။ ယွဲ့ရှင်းဝမ်က မျက်ခုံးပင့်ကာ သူတတ်နိုင်သမျှ ယဉ်ယဉ်ကျေးကျေး ဆိုသည်။
"ကျေးဇူးပြုပြီး ငါ့ကို လွတ်ပေးပါ... ငါအရမ်းအလုပ်များနေပြီး မနက်ဖြန် စာတမ်းထပ်ရမှာမို့ မင်းနဲ့ ဂိမ်းဆော့ဖို့ အချိန်မရှိဘူး..."

စက်ရုံအသံ: "စိတ်မကောင်းပါဘူး... 〈စာကြည့်တိုက်မှ လွတ်မြောက်ခြင်း〉ရှင်သန်ခြင်းဂိမ်းကို ဝင်ရောက်ခဲ့တဲ့ ကျောင်းသားတွေက အဆင့်ကို ရှင်းလင်းလို့မပြီးမချင်း စာကြည့်တိုက်ကနေ ထွက်သွားလို့မရပါဘူး..."

ယွဲ့ရှင်းဝမ်က သူ့ဒေါသကို ထိန်းလိုက်သည်။
"ဒါက အတင်းအကြပ်ဂိမ်းပေါ့... ငါ ထွက်သွားလို့ရရင် ဘယ်လိုလုပ်မလဲ?"

စက်ရုံအသံ: "ကြိုးစားကြည့်လို့ရပါတယ်..."

ယွဲ့ရှင်းဝမ်သည် သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ရုတ်တရက် လှည့်ကြည့်ကာ သူ့နောက်က မှန်တံခါးကို လျှပ်စီးလက်သလို ကျရောက်လာသည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ နားထဲတွင် ကျယ်လောင်သောအသံ ထွက်ပေါ်လာသော်လည်း မှန်တံခါးသည် မလှုပ်မယှက်ဖြစ်နေကာ အက်ရာတစ်ခုပင် မပေါ်ခဲ့သည်။

ဤနေရာက ကျောင်းစာကြည့်တိုက် မဟုတ်ချေ။

စာကြည့်တိုက်၏ မှန်တံခါးကို သာမန်ပစ္စည်းများဖြင့် ပြုလုပ်သော်လည်း ယခုချက်ချင်း ထိုးလိုက်သောအခါ မာကျောသော နံရံကို ထိမိသွားသကဲ့သို့ လက်က စူးရှသော နာကျင်မှုကြောင့် အခိုင်အမာ အတည်ပြုနိုင်ခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် ထူးဆန်းသော အလုံပိတ်နေရာဆီ သူ မှားဝင်လာပြီး အပြင်ထွက်မရတော့ပေ။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now