Chapter 30 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၆) 『Volume 2』

701 124 0
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 30 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၆)

ယွဲ့ရှင်းဝမ်နှင့် အဖွဲ့ဝင်နှစ်ယောက်ကြားရှိ ဆွေးနွေးသံကိုကြားတော့ ကျန်းဖျင်စစ်က အနားရောက်လာပြီး အသံတိုးတိုးဖြင့်မေးသည်။
"အဲဒီမိန်းကလေးကို သိတာလား?"

ယွဲ့ရှင်းဝမ်က အတိုချုပ်ရှင်းပြသည်။
"သူမနာမည်က ချင်လု၊ လျှိုရှောင်းရှောင်းလိုပဲ အရင်က "နှလုံးသွေးကြောဆိုင်ရာလူနာဆောင်"က စာမေးပွဲခန်းမှာ အတူတူဆုံခဲ့ကြတာ... သူမက နန်ယန်ကျောင်းထုံးတက္ကသိုလ်က ပထဝီစီမံကိန်းဘာသာရပ်နဲ့ သူမမှာ ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ရှိတယ်..."

ကျန်းဖျင်စစ်က တွေးဆပြီး ပြောသည်။
"ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ သူမက မြစ်လယ်က ကတ်ကို တိုက်ရိုက်ရွှေ့လျားနိုင်တာလား?"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"အင်း... အဲဒါကြောင့် သူမက အရမ်းယုံကြည်မှုရှိနေတာ... တစ်ဖက်က ယောင်္ကျားလေးတွေက အဲဒီကတ်ကို မယူသင့်ဘူး..."

သို့သော် ကျန်းဖျင်စစ် မှန်းဆထားသည့်အတိုင်း 'ချင်လု'က ကတ်ကို သူမ၏'ကျောက်ထုလွှာလှုပ်ရှားမှု'ဖြင့် တိုက်ရိုက်မရွှေ့ဘဲ ဆန့်ကျင်ဘက်ရှိ ယောင်္ကျားလေးများက ဦးဆောင်ခဲ့သည်--

အရပ်ရှည်ပြီး အသားမည်းသော ယောင်္ကျားလေးက သူ၏ညာဘက်လက်ကနေ သွယ်လျပြီး ရှည်လျားသော သစ်သားတုတ်ကို ထုတ်လိုက်သည်။ သူက တုတ်ကို မြေပြင်ပေါ် ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်က ငှက်ကဲ့သို့ လေထဲကိုမြှောက်တက်သွားကာ မိန်းကလေး လေးယောက်၏ နောက်သို့ ပြုတ်ကျလာသည်။

ထိုယောင်္ကျားလေးက သူ၏သွားဖွေးဖွေးလေးကိုထုတ်ပြပြီး 'ချင်လု'ကို ပြောသည်။
"ငါ ဘယ်သူ့ကို အနိုင်မကျင့်ချင်ဘူး... ဒီတော့ ဒီကတ်ကို ငါတို့ကို ပေးလိုက်..."

'ချင်လု'၏အမူအရာက အေးစက်နေ၏။
"ငါက ဘာလို့ နင်တို့ကို ပေးရမှာလဲ? ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်မလဲဆိုတာ မသေချာသေးပါဘူး..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now