Chapter 51 (သေခြင်းကုဒ် ၁၁) 『Volume 3 : သင်္ချာဌာန』

628 117 0
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 51 (သေခြင်းကုဒ် ၁၁)

ယွဲ့ရှင်းဝမ်သည် 'လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း'၏ ကစားသမားများထဲတွင် လူသတ်သမားရောနေနိုင်ကြောင်း မှန်းဆရသည့် အကြောင်းရင်းမှာ ဒီလိုတည်းခိုခန်းကဲ့သို့ လူဆိတ်ညံသောနေရာတွင် "အသိမိတ်ဆွေမိတ်ဆက်ခြင်း"မရှိလျှင် အင်တာနက်ပေါ်က ကြော်ငြာအားကိုးရုံလောက်ဖြင့် ဂိမ်းကစားရန် ဒီကို ဘယ်သူမှ လာရဲမှာမဟုတ်ပေ။

သို့သော် အချိန်အတော်ကြာအောင် သိပြီးသား သူငယ်ချင်းအပေါင်းအသင်းများ ဒါမှမဟုတ် ဒီနေရာမှာ အချင်းချင်းတွေ့ရန် "'လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း'လို့ခေါ်တဲ့ ပြောစရာကောင်းတဲ့နေရာကို ငါသိတယ်"ဆိုပြီး အားလုံးကို ဟန်ဆောင်ခေါ်လိမ့်မည်။ "ဒါက ငါ့သူငယ်ချင်းဖွင့်ထားတဲ့ 'လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း'တည်းခိုခန်းပဲ"ဟု ပြောလိုက်ရင် ကစားသမားများ၏ သတိရှိမှုကို ဖယ်ရှားပစ်နိုင်သည်။

လူသတ်သမားက တည်းခိုခန်းပိုင်ရှင်လည်း ဖြစ်နိုင်သလို ထိုကစားသမား 10 ယောက်ဟာ အွန်လိုင်းပို့စ်တွေ၊ ဖိုရမ်စုဆောင်းမှု စတာတွေကတစ်ဆင့် သူဆွဲဆောင်ခဲ့သော အလွန်သတ္တိရှိသည့်လူတွေ ဖြစ်နိုင်သည်။ သို့သော် ယွဲ့ရှင်းဝမ်ကတော့ 'လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း'ထဲရှိ ကစားသမားများထဲက တစ်ယောက်က လူသတ်သမားဖြစ်နိုင်တယ်ဆိုတာကို ပိုအလေးသာခဲ့ပြီး ဒါမှ ဇာတ်ညွှန်းကနေ လက်တွေ့ကို ချိတ်ဆက်နိုင်စေလိမ့်မည်။

ချင်မြောင်က မျက်မှောင်ကြုတ်ကာ ခဏလောက်စဉ်းစားပြီးနောက် ယွဲ့ရှင်းဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။
"ဇာတ်ညွှန်းထဲက လူသတ်သမားနဲ့ တကယ့်လူသတ်သမားက အတူတူပဲလို့ ယူဆရင် ရည်ရွယ်ချက်ချင်းကလည်း ကိုက်ညီနိုင်သလား? တကယ့်လူသတ်သမားက စူးဝမ်ရှင်း အရမ်းချစ်နိုင်ပြီး ဒီသတို့သမီးတွေကို သတ်ပစ်ရတဲ့ ရည်ရွယ်ချက်က စူးဝမ်ရှင်းရဲ့ ထွက်သွားသောဝိညာဉ်ကို လွတ်မြောက်စေဖို့ပဲ... ဒါဆို 'လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း'ထဲက စူးဝမ်ရှင်းကို သတ်ခဲ့တဲ့သူရဲ့ ရည်ရွယ်ချက်က ဘာလဲ?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now