Chapter 20 (သုတေသနအဖွဲ့ ၀၃) 『Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်』

824 135 0
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 20 (သုတေသနအဖွဲ့ ၀၃)

နောက်နေ့မနက် 7:30 တွင် ယွဲ့ရှင်းဝမ်သည် နှိုးစက်သံကြောင့် နိုးလာသည်။

သူထထိုင်ကာ မျက်လုံးများကို မှင်တက်စွာ ပွတ်သပ်လိုက်သောအခါ ဘေးကုတင်ပေါ်ရှိ ကျန်းဖျင်စစ်က နိုးနေပြီး ထိုင်ခုံမှာ ထိုင်နေကာ အချက်အလက်ကို စစ်ဆေးရန် သူ့တက်ဘလက်ကို ဖွင့်ထားတာ တွေ့လိုက်ရသည်။ အခန်းတွင်းရှိ အလင်းရောင်သည် မှိန်ဖျော့နေပြီး တက်ဘလက်မှ အလင်းတန်းတစ်ခုသာ ကောင်လေး၏ ချောမောသော မျက်နှာပေါ်သို့ အလင်းတန်းတစ်ခု ကျရောက်နေသည်။ ယွဲ့ရှင်းဝမ် နိုးလာမည်ကို စိုး၍ မီးမဖွင့်ဘဲနေလိုက်သည်။

ယွဲ့ရှင်းဝမ်က သမ်းဝေကာ မီးကိုဖွင့်လိုက်ပြီး ဖိနပ်စီးကာ သူ့ဆီသို့ လျှောက်သွားရင်း ပြောသည်။
"မင်းက အစောကြီးထတာလား?"

"အင်း... ငါက 7 နာရီဆို အိပ်ရာထလေ့ရှိတယ်..."
ကျန်းဖျင်စစ်သည် အိပ်ချင်မူးတူးဖြစ်နေသော ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်ကာ စိတ်ပူစွာ မေးသည်။
"ဒီအိပ်ဆောင်အသစ်မှာ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား?"

"တော်တော်လေးကောင်းတယ်... ငါ မိုးလင်းတဲ့အထိ အိပ်ပျော်သွားတာ... အိမ်မက်ဆိုးတောင် မမက်ဘူး..."
နိုးလာတော့ အိပ်ချင်နေသည့်စိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ယွဲ့ရှင်းဝမ်လည်း ပြန်လည်လန်းဆန်းလာခဲ့သည်။ ကျန်းဖျင်စစ်က အဝတ်အစားလဲထားပြီးပြီကို မြင်တော့ သူကလှည့်၍ ရေချိုးခန်းဆီသို့ လျှောက်သွားကာ ပြောသည်။
"ငါ မျက်နှာ အရင်သစ်လိုက်မယ်..."

ယွဲ့ရှင်းဝမ်သည် ရေချိုးခန်းထဲမှမထွက်ခင် သူ့မျက်နှာကို အမြန်ဆေးကြောပြီး အဝတ်အစားလဲလိုက်သည်။

ကျန်းဖျင်စစ်က မနေ့က သူဝယ်ခဲ့သော အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ယွဲ့ရှင်ဝမ်လည်း အားကစားဝတ်စုံကို ပြောင်းလဲခဲ့သည်။ တူညီသောအဝတ်အစားပုံစံ၊ နက်ပြာရောင်နှင့် ပြာနုရောင်၊ အရောင်များက အတော်လေး လိုက်ဖက်သည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို အနီးကပ်ကြည့်ကာ မနေနိုင်ဘဲ ရယ်မောလေသည်။
"တကယ်တော့ မင်းက အားကစားဝတ်စုံနဲ့ အတော်လေးချောတာပဲ... မင်း ရှပ်အင်္ကျီနဲ့ သားရေဖိနပ် ဝတ်တာကို ငါဆန့်ကျင်တာမဟုတ်ပေမယ့် ဒီလိုပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးက ပြေးရတာ ပိုအဆင်ပြေတယ်..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now