Chapter 64 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၃)【Volume 4】

353 60 0
                                    

【Unicode】

Volume 4 : ဗိသုကာဌာန

Chapter 64 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၃)

အသတ်ကိုခံရသော အလောင်းကို မြင်သောအခါ ယွဲ့ရှင်းဝမ်၏ ပထမဆုံးတုံ့ပြန်မှုမှာ သံသယဖြစ်ဖွယ် ကျူးလွန်သူများကို ချက်ချင်း လှည့်ပတ်ကြည့်ခဲ့သည်။ မနက် 5:30 ပဲ ရှိသေးတာကြောင့် မှောင်နေဆဲဖြစ်ပြီး အလုပ်သမားအများစုက မနိုးကြသေးပေ။ ဆောက်လုပ်ရေးဆိုက်က ဗလာဖြစ်နေပြီး အလောင်းမှလွဲ၍အနီးနားတွင် အော်ဟစ်နေသော အမျိုးသမီးအလုပ်သမားသာ ရှိသည်။

အလောင်းတစ်ဝိုက်ရှိ သွေးများက မတိတ်သေးသေးတာကြောင့် သေဆုံးသည်မှာ မကြာသေးကြောင်း ညွှန်ပြနေသည်။

သူ့ခန္ဓာကိုယ်၏တည်နေရာကို ကြည့်ပြီး အကြီးမားဆုံးဖြစ်နိုင်ချေကတော့ ရှင်းယွဲ့အဆောက်အဦး၏ အမြင့်ကနေ ပြုတ်ကျတာဖြစ်သည်။ လူသတ်မှုဖြစ်လျှင် လူသတ်သမားသည် အမြင့်မှ တွန်းချပြီး အဆောက်အဦးမှ ထွက်ပြေးရန် အနည်းဆုံး မိနစ်အနည်းငယ် ကြာမည်ဖြစ်သည်။ လူသတ်သမားက အခင်းဖြစ်ပွားရာနေရာမှာ ရှိနေသလား?

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြပြီး ချက်ချင်းဆိုသလိုပင် အဖွဲ့ဝင်အနည်းငယ်ကို ခေါ်ဆောင်ကာ ရှင်းယွဲ့အဆောက်အဦး၏ ထွက်ပေါက်များစွာတွင် လူများကို ပိတ်ဆို့ရန် လှည့်လာခဲ့သည်။

ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က အခင်းဖြစ်ပွားရာနေရာတွင် နေထားခဲ့သည်။

လျှိုကျောက်ချင်းက ကောင်းကောင်းအိပ်မပျော်တာ သိသာထင်ရှားပြီး သူ့မျက်ခွံအောက်မှာ အညိုရောင်အကွက်တွေ ရှိနေသည်။ အဖွဲ့ထဲမှာ မှုခင်းဆရာဝန်မရှိသော်လည်း သူက ဆေးကျောင်းသားတစ်ဦးဖြစ်သောကြောင့် သေဆုံးရသည့်အကြောင်းရင်းကို အကြမ်းဖျင်းဆုံးဖြတ်နိုင်သည်။ သူက ရှေ့တစ်လှမ်းတိုး၍ သေဆုံးသူ၏အလောင်းအား ဂရုတစိုက်ကြည့်ရှုစစ်ဆေးပြီး ပြောသည်။
"သူ ပြုတ်ကျတဲ့အချိန်မှာ စတီးပိုက်နဲ့ ထိမိတာပဲ… ဝမ်းဗိုက်ကို ဖြတ်ပြီး ဖောက်ထားတဲ့ စတီးပိုင်အနေအထားက ဘယ်ဘက်သရက်ရွက်အနီးမှာရှိပြီး အဲဒါက သရက်ရွက်ပေါက်ပြဲခြင်းကြောင့် ဝမ်းဗိုက်အတွင်း ကြီးမားတဲ့ သွေးယိုစိမ့်မှု‌ဖြစ်စေတယ်…"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now