Chapter 21 (သုတေသနအဖွဲ့ ၀၄) 『Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်』

746 134 0
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 21 (သုတေသနအဖွဲ့ ၀၄)

သုတေသနအဖွဲ့ဖွဲ့ရန် သုတေသနအဖွဲ့ခန်းမတွင် ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် တက်ဘလက်ကွန်ပျူတာပေါ်၌ လုပ်ဆောင်ရမည်ဖြစ်သည်။

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အစည်းအဝေးခန်းမှ အတူတူ ထွက်လာခဲ့ပြီး ထိုင်ရန် ထိုင်ခုံအလွတ်တစ်ခုကို တွေ့ခဲ့သည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နားနားသို့ ကပ်ကာ ချိုသာစွာ မေးသည်။
"ငါ သူစိမ်းတစ်ယောက်ကို အဖွဲ့ထဲကို ခေါ်လိုက်ရင် မင်းစိတ်ဆိုးမှာလား?"

ကျန်းဖျင်စစ်က သူ့ကိုကြည့်ကာ နူးညံ့သောလေသံဖြင့် ပြန်ဖြေသည်။
"မဆိုးပါဘူး... မင်းရဲ့ဆုံးဖြတ်ချက်ကို ငါယုံကြည်တယ်..."

ကျန်းဖျင်စစ်သည် သူစိမ်းများနှင့် ဆက်ဆံခြင်းကို မကြိုက်သောကြောင့် လျှိုကျောက်ချင်းကို သူစိမ်းအဖြစ် ငြင်းပယ်မည်ကို ယွဲ့ရှင်းဝမ် စိုးရိမ်ခဲ့သည်။ ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်က နောက်ဆုံးမှာ သက်ပြင်းတစ်ချက်ချပြီး ချိုသာစွာပြောသည်။

"စီနီယာအစ်ကိုလျှိုကျောက်ချင်းကို ငါအချိန်ခဏပဲ သိခဲ့တာဆိုပေမယ့် သူ့မှာ ရိုးသားပြီး ဖြောင့်မတ်တဲ့ စရိုက်လက္ခဏာရှိတယ်ဆိုတာ ငါမြင်ရတယ်... အဲဒီအချိန်တုန်း ညပိုင်းတိုက်ပွဲမှာ ဓာတုဗေဒအတန်းဖော်တစ်ယောက်ကို မကောင်းဆိုးရွားတစ်ယောက် တိုက်ခိုက်နေတဲ့အချိန် စီနီယာအစ်ကိုလျှိုက စွန့်စားပြီး သူ့ကိုကယ်တင်ခဲ့တယ်-- သူက သူစိမ်းတွေကို ကယ်တင်ဖို့တောင် ဆန္ဒရှိခဲ့တာဆိုတော့ အရေးကြီးတဲ့အခိုက်အတန့်မှာ အဖွဲ့သားတွေကို ချန်မထားဘူးဆိုတာ သေချာတယ်..."

ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။
"အင်း... သေရေးရှင်ရေးအချိန်မှာ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားအမှန်ကို တကယ်မြင်နိုင်တယ်... သူပါဝင်ဖို့ ဆန္ဒရှိသ၍ မင်းသူ့ကို ဖိတ်ခေါ်နိုင်ပါတယ်... ငါကတော့ ပြဿနာမရှိဘူး..." ယွဲ့ရှင်းဝမ် အသိအမှတ်ပြုသည့် လူတွေကို သူအမြဲတမ်း မျက်နှာသာအနည်းငယ်တော့ ပေးလိမ့်မည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now