Chapter 7 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၂) 『Volume 1: ဆေးပညာဌာန』

925 147 0
                                    

『Unicode』

Volume 1 : ဆေးပညာဌာန

Chapter 7 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၂)

ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့ အတူတူထွက်လာသောအခါ သူတို့ဘေးခန်းရှိ လူနာဆောင်အတွင်းမှ လူများသည် တံခါးဝကနေ ချောင်းကြည့်နေသည်။ သူတို့သည် စိုးရိမ်သောအမူအရာဖြင့် အသက် 20 ခန့်ရှိပြီး မပြစ်မဲ့တက္ကသိုလ်ကျောင်းသားများအား စာကြည့်တိုက် system မှ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်သို့ ဆွဲသွင်းခဲ့တာဖြစ်လိမ့်မည်။

ဆရာဝန်များနှင့် သူနာပြုများ အလုပ်များနေပြီး ဆေးရုံဝတ်စုံဝတ်ထားသည့် "တက္ကသိုလ်ကျောင်းသား လူနာများ"သည် စင်္ကြံပတ်ပတ်လည်တွင် အတွဲလိုက်လျှောက်သွားနေကြသည်။ လူတိုင်းက အစမှအဆုံး နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို တိတ်တဆိတ် လှည့်ပတ်ကြည့်ရှုကာ လူနာဆောင်၏ ပတ်ဝန်းကျင်ကို ဦးစွာ သိရှိခဲ့ကြသည်။

ယွဲ့ရှင်းဝမ်သည် အဘိဓာန်နောက်ကျောမှ စာရွက်အလွတ်တစ်ရွက်ကို ‌ဆုတ်ဖြဲလိုက်ပြီး စာရွက်ဖြူပေါ်တွင် မြေပုံဆွဲရန် ဘောပင်တစ်ချောင်းကို ရှာလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အဘိဓာန်မှာ သူ့ဘာသာသူ ပြုပြင်နိုင်သည့် စွမ်းရည်ရှိပြီး စာရွက်အပိုင်းအစ အနည်းငယ်ကို ဆုတ်ဖြဲပြီး ပြန်ဆင့်ခေါ်ပါက ပြန်ကောင်းသွားလိမ့်မည်။

နှလုံးသွေးကြောဆိုင်ရာလူနာဆောင်သည် ကြီးမားသောဧရိယာရှိပြီး "回" ပုံသဏ္ဌာန်စင်္ကြံတည်ဆောက်မှုဖြစ်သည်။

ဘယ်ညာတွင် လူနာဆောင်များရှိသည်။ ၎င်းတို့အနက် ဘယ်ဘက်အောက်ထောင့်ရှိ ကုတင်နံပါတ် 1 နှင့် ညာဘက်အောက်ထောင့်ရှိ ကုတင်နံပါတ် 2 တို့က ကုတင်တစ်လုံးတည်းရှိသော VIP လူနာဆောင်များဖြစ်သည်။ ကျန်လူနာဆောင်များတွင် ဘယ်ညာတစ်ဖက်စီ၌ အခန်း 8 ခန်း ရှိပြီး တစ်ပြေးညီပုံစံဖြင့် တစ်ခန်းကို ကုတင် 3 လုံးနဲ့ ရေချိုးခန်းပါရှိသည်။ ဘယ်ဘက်စင်္ကြံတွင် ကုတင် 24 လုံး၊ ညာဘက်စင်္ကြံတွင် ကုတင် 24 လုံးနှင့် ထောင့်နားရှိ VIP အခန်း 2 ခန်းကိုအပါအဝင် လူနာဆောင်တစ်ခုလုံး၌ စုစုပေါင်း ကုတင်အလုံး 50 ရှိသည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now