Chapter 23 (သုတေသနအဖွဲ့ ၀၆) 『Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်』

806 136 0
                                    

『Unicode』
   
Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 23 (သုတေသနအဖွဲ့ ၀၆)

လူတိုင်းသည် သူတို့၏ စွမ်းရည်များကို တစ်လှည့်စီ ပြသပြီးနောက် ယွဲ့ရှင်းဝမ်သည် သူတို့အဖွဲ့၏ စွမ်းရည်များက အတော်လေး ပြည့်စုံကြောင်း တွေ့ရှိခဲ့သည်။ စီနီယာအစ်ကိုကျိုဖုန်း၏ ဗို့အားမြင့်လျှပ်စစ်နှင့် စီနီယာအစ်မလင်းမန့်လော်၏ နွယ်ပင်တို့က အွန်းလိုင်းများထဲက casting စွမ်းရည်များကဲ့သို့ပင် အလွန်အစွမ်းထက်ပြီး သတ်မှတ်ချိန်က အတော်အတန်ကြာသော်လည်း ထုတ်လွတ်လိုက်သည်နှင့် ပစ်မှတ်တစ်ခုတည်းကို ချက်ချင်း သေဆုံးနိုင်ခြေက အံ့အားသင့်ဖွယ် မြင့်မားသည်။

လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားနှင့် ယွဲ့ရှင်းဝမ်၏ အဘိဓာန်တို့က တူညီပြီး ၎င်းတို့သည် ဂိမ်းထဲတွင် သာမန်တိုက်ခိုက်မှုနှင့် ဆင်တူသည်။ တိုက်ခိုက်မှုတစ်ခု၏ သေဆုံးနိုင်ခြေသည် လုံလောက်စွာ မပြင်းထန်သော်လည်း ၎င်းတွင် သတ်မှတ်ချိန်မရှိသလို မကြာခဏနှင့် အကြိမ်ပေါင်းများစွာ အသုံးပြုပြီး ထိခိုက်မှုပေးနိုင်သည်။ လျှိုကျောက်ချင်းသည် သူ၏အဖွဲ့ဝင်များအား ကုသရန် ‘ဆေးပတ်တီး’ကိုထုတ်ယူပြီး ကူညီပေးနိုင်သည်

ရွှီယိရှန်း၏ mitosis သည် မမျှော်လင့်ထားသော အခြေအနေကို ဖြစ်ပေါ်စေနိုင်သည့် လွတ်လပ်စွာ လှုပ်ရှားနေသော လုပ်ကြံသတ်ဖြတ်သူနှင့် ပိုတူသည်။ ခယ်ရှောင်ပင်း၏ သေးငယ်သောစက်ရုပ်၊ ရှောင်ထူက မကောင်းဆိုးရွားများကို ဆွဲဆောင်ရန်အတွက် အသုံးပြုနိုင်သော်လည်း ရှောင်ထူ၏အဆင့်က ယခုအခါမှာ အလွန်နိမ့်နေသေးတာကြောင့် နောင်ပိုင်း သူကြီးထွားလာတဲ့အခါ ပိုမိုအားကောင်းလာမည်ဖြစ်သည်။

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တိုက်ပွဲကွင်းပြင်ကို အထုတ်အသွင်းလုပ်ပြီး ထိန်းချုပ်နိုင်သော mage များ ဖြစ်သည်။

ဤခုနစ်ယောက်ပါအဖွဲ့သည် “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”၏ ညပိုင်းတိုက်ပွဲကိုသွားခဲ့ပါက ယခင် သူ ကျပန်းဖွဲ့ခဲ့သည့် ယာယီအတန်းဖော် 10 ထက် ပို၍အားကောင်းလိမ့်မည်ဟု ယွဲ့ရှင်းဝမ်ယုံကြည်သည်။ ကျန်းဖျင်စစ်၏ တိုက်ပွဲကွင်းပြင် ထိန်းချုပ်မှုနှင့် စီနီယာအစ်ကိုကျိုဖုန်း၏ လျှပ်စစ်နှင့်အတူ မကောင်းဆိုးရွားများကို ရှင်းပစ်နိုင်ပြီး ယွဲ့ရှင်းဝမ် လှုပ်ရှားရန်ပင် မလိုအပ်ပေ။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now