Chapter 33 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၉) 『Volume 2』

677 145 0
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 33 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၉)

ယွဲ့ရှင်းဝမ်က အဘိဓာန်၏ စာရွက်များကို စတင်မီးရှို့ခဲ့ပြီး အနီးနားရှိ ကျောင်းသားများက တစ်ခုခုမှားယွင်းနေသည့် ခံစားရပြီး ရှုပ်ထွေးကာ ကြည့်နေကြသည်။ မီးက ပိုပိုပြီးပြင်းလာသောအခါ ယွဲ့ရှင်းဝမ်က လူတိုင်းကို အပြုံးဖြင့် ပြောလိုက်သည်။
"မင်းတို့အဝတ်တွေ စိုနေတယ်၊ ဒီကိုလာပြီး ခြောက်အောင်လှန်းလိုက်၊ မဟုတ်ရင် ဒီည သိပ်အဆင်ပြေမှာမဟုတ်ဘူး..."

စိုစွတ်နေသော အဝတ်အစားနဲ့ အအေးမိဖို့က တကယ်ကို လွယ်ကူသည်။ ထိုစကားကိုကြားသောအခါ လူတွေက မီးပုံနားမှာဝိုင်း၍ အင်္ကျီတွေကိုချွတ်ပြီး သစ်ကိုင်းတွေပေါ်တင်ကာ အခြောက်လှန်း၍ ပြန်ဝတ်ကြသည်။ နွေးနေသည့်အင်္ကျီက ဝတ်ရတာ ပိုအဆင်ပြေသည်။

မြေပြင်သည် မိုးရေကြောင့် စိုစွတ်နေပြီး ယွဲ့ရှင်းဝမ်သည် အိပ်ရန် ခြောက်သွေ့သော နေရာကို ရှာတွေ့နိုင်မလားဟု တွေးတောကာ လှည့်ပတ်ကြည့်မိသည်။ ထိုအချိန်တွင် မနီးမဝေး၌ ထူးဆန်းသော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အာဝူးးးးးး

မှောင်မိုက်သောညတွင် သားရဲများ၏အော်သံက အထူးရှင်းလင်းပြတ်သားသည်။

ယွဲ့ရှင်းဝမ်၏ အမူအရာက ပြောင်းသွားပြီး သူက အသံကိုတိုးလိုက်သည်။
"ဝံပုလွေတော့ မရှိဘူးမလား?"

နောက်အခိုက်အတန့်မှာ ခြေသံများ တဖျပ်ဖျပ်ခတ်သံကို ကြားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့ ရှစ်ယောက်ကို ဝံပုလွေတွေ ဝိုင်းရံနေခဲ့သည်။

မှောင်မိုက်သောညတွင် အစိမ်းရောင် မျက်လုံးများဖြင့် တောက်ပနေသော ထိုဝံပုလွေများသည် အစာကို စိုက်ကြည့်နေသော ဆာလောင်နေသော သားရဲများကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေကြသည်။ ဝံပုလွေများသည် နောက်တစ်က္ကန့်တွင် သူတို့ကို ကိုက်သတ်တော့မည်သကဲ့သို့ ၎င်းတို့၏ လျှာရှည်များကို ဆန့်ထုတ်နေကြသည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now