Chapter 38 (သုဒ္ဓကိန်းများဝင်္ကပါ ၀၁) 『Volume 3 : သင်္ချာဌာန』

806 133 2
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 38 (သုဒ္ဓကိန်းများဝင်္ကပါ ၀၁)

တနင်္လာနေ့ညတွင် သဘောတူညီချက်ကို ထုတ်ပြန်ပြီးနောက် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် သူတို့၏အတန်းဖော်များထံမှ private message များစွာ ရရှိခဲ့ပြီး အထူးသဖြင့် ပို့စ်ကိုတင်ခဲ့သော ယွဲ့ရှင်းဝမ်က အများအပြားရရှိခဲ့သည်။ သူ၏မဖတ်ရသေးသော private message များ ထောင်ကျော်ရှိခဲ့လေသည်။ မှတ်ချက်များတွင်လည်း ထောက်ခံကြောင်း၊ ကျေးဇူးတင်ကြောင်းများ ရေးသားခဲ့ကြသည်။
"အရှေ့ကနေဦးဆောင်ဖို့ လိုလိုလားလား ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

"ဒီသဘောတူညီချက်ကို ကျင်းပပေးတာ တကယ်ကို ဝမ်းသာပါတယ်..."

"အနာဂတ်မှာ စာကြည့်တိုက်က ကျောင်းလိုပဲ ကြင်နာမှုတွေပိုရှိမယ်လို့ မျှော်လင့်ပါတယ်..." စသဖြင့်ပေါ့။

ယွဲ့ရှင်းဝမ်သည် အကြောင်းပြန်ရန် အချိန်မရှိပေ။

သူသည် message များကို ဖတ်ကြည့်သောအခါတွင် ဆိုးဆိုးရွားရွား နာကျင်စေခဲ့သော ပုဂ္ဂိုလ်များကို အစီရင်ခံထားသည့် private message များစွာရှိကြောင်း တွေ့ရှိခဲ့ပြီး သူတို့အားလုံးသည် ယခုသီတင်းပတ်၏ အများသူငါစိတ်ကြိုက်သင်တန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူတို့သည် ဆာလဖျူရစ်အက်စစ်ဖြင့် ပက်ပြီး အလင်းလုံးများဖြင့် လူများကို ထိခိုက်ဒဏ်ရာရစေသော အတန်းဖော်နှစ်ဦးကို ရည်ရွယ်ထားခြင်းဖြစ်သည်။

ကျန်းဖျင်စစ်သည် သဘောတူညီချက်၏ စည်းကမ်းချက်များကို မေးခွန်းထုတ်သည့် private message များစွာကိုလည်း လက်ခံရရှိခဲ့သည်။ တချို့သောကျောင်းသားများသည် ထိခိုက်နာကျင်စေသော ကျောင်းသားများကို တစ်ကျောင်းလုံးမှ နာမည်ပျက်စာရင်းသွင်းပြီး သုတေသနအဖွဲ့မှ ထုတ်ပယ်လိုက်သည်နှင့် အစွန်းရောက်သွားပြီး "မကောင်းမှုအဖွဲ့"အဖြစ် ပြန်ဖွဲ့သွားမှာကို စိုးရိမ်နေကြသည်။

ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး
"ဒါက ဖြစ်နိုင်ချေရှိတယ်... ဒါပေမယ့် နောက်ပိုင်းသင်တန်းတွေက ပိုပိုပြီးခက်လာတယ်လို့ စီနီယာအစ်ကိုကျိုဖုန်းပြောဖူးတယ်... ပြီးတော့ ဘာသာရပ်အမျိုးမျိုးကို အောင်မြင်ဖို့အတွက် ဒီအဆောက်အဦးမှာရှိတဲ့ ဘာသာရပ်ကျောင်းသားတွေအားလုံးက အဖွဲ့ဖွဲ့ထားမှရမှာ... 3 ထပ်မြောက်က ဗိသုကာဌာနရဲ့ ကျရှုံးမှုနှုန်းက အံ့အားလောက်အောင် မြင့်မားတယ်... ဒါ့အပြင် နိုင်ငံခြားဘာသာစကား၊ သင်္ချာ၊ ရူပ၊ ဓာတု၊ နိုင်ငံရေးသိပ္ပံ၊ သမိုင်းနဲ့ ပထဝီတို့ပါဝင်ဖို့ ကျွမ်းကျင်တဲ့ဘာသာရပ်က လူတွေကို မကောင်းမှုအဖွဲ့မှာ စုစည်းဖို့ ခက်ခဲတယ်မဟုတ်ဘူးလား?"

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now