Chapter 18 (သုတေသနအဖွဲ့ ၀၁) 『Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်』

866 147 6
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 18 (သုတေသနအဖွဲ့ ၀၁)

ယွဲ့ရှင်းဝမ်သည် ဓာတ်လှေကားထဲသို့ လျှောက်သွားပြီး ယနေ့ဓာတ်လှေကားက သူပထမဆုံးတက်တုန်းကနဲ့ မတူပေ။ စာကြည့်တိုက်ရှိ နောက်ထပ်လုပ်ဆောင်ချက်များကို သော့ဖွင့်ခြင်းဖြင့် ဓာတ်လှေကားအတွင်း ခလုတ်များနှင့် သက်ဆိုင်ရာအထပ်တံဆိပ်များ ပေါ်လာသည်--

2ထပ်: သင်္ချာဌာန

1ထပ်: ‌ဆေးပညာဌာန

-1ထပ်: စာကြည့်တိုက်ဒေတာဘေ့စ်

-2ထပ်: သုတေသနအဖွဲ့စင်တာ

-3ထပ်: ကျောင်းသားအိပ်ဆောင်

-4ထပ်: ကျောင်းသားကန်တင်း

-5ထပ်: ဈေးဝယ်ပလာဇာ

မြေအောက်အထပ်များသည် လုပ်ငန်းဆောင်တာများအားလုံးကို လုပ်ဆောင်နိုင်သောနေရာများဖြစ်ပြီး အပေါ်ထပ်များသည် တက္ကသိုလ်ရှိ ဌာနများဖြစ်သည်။

ယွဲ့ရှင်းဝမ်သည် ဆေးပညာဌာနတွင် မသင်မနေရသင်တန်းများကို ပြီးမြောက်ပြီး ဒုတိယထပ်ရှိ သင်္ချာဌာနကို သော့ဖွင့်လိုက်သည်။ တတိယထပ်ရှိ ဌာနအသစ်ကို မဖွင့်ခင် သင်္ချာဌာနတွင် မသင်မနေရသင်တန်းများကို ပြီးမြောက်အောင် လုပ်ဆောင်ရလိမ့်မည်။ စာကြည့်တိုက်တွင် အထပ်မည်မျှနှင့် သင်တန်းမည်မျှရှိသည်ကို သူမသိရသေးပေ။

မြေအောက်ထပ်ကို ဖွင့်ခြင်းသည် ယွဲ့ရှင်းဝမ်ကို ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်-- တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များမှ ကျောင်းသားအများအပြားကို "ဝင်ခွင့်" ပေးကာ ကျောင်းသားများကို အဆောက်အဦးတစ်ခုတွင် ကန့်သတ်ထားသည့် ထူးဆန်းသော "စာကြည့်တိုက်တက္ကသိုလ်" သို့ သူရောက်လာပုံရသည်။ အဆောက်အဦးထဲမှာ ကျောင်းသားတွေကို ထူးခြားသော စွမ်းရည်တွေ ပေးထားပြီး သူတို့၏ ဘာသာရပ်များနဲ့ မသက်ဆိုင်သော သင်တန်းတွေကို တက်ခိုင်းကာ ကျသွားလျှင် အသက်အန္တရာယ်ရှိနိုင်သည်။

ပြီးနောက် သူက စာကြည့်တိုက်ကို ရောက်လာသည့် ကျောင်းသားအသစ်ပဲဖြစ်သည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now