Chapter 56 (တရားဝင်အဖွဲ့ ၀၂) 『Volume 3 : သင်္ချာဌာန』

909 132 1
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 56 (တရားဝင်အဖွဲ့ ၀၂)

ယွဲ့ရှင်းဝမ်သည် သုတေသနအဖွဲ့ကို အဆင့်မြင့်တင်ရန် အဖွဲ့ဝင်သုံးယောက်ကို ခေါ်ဆောင်လာသည်။ တက်ဘလက်ကွန်ပျူတာတွင် အချက်ပြတစ်ခုပေါ်လာပြီး လက်ရှိ C-183 ပထမအဆင့် သုတေသနအဖွဲ့ ဖြစ်နေဆဲဖြစ်ပြီး ဒုတိယအဆင့် သုတေသနအဖွဲ့သို့ အဆင့်မြင့်တင်ရန် အမှတ် 2,000နှင့် တတိယအဆင့် သုတေသနအဖွဲ့သို့ အဆင့်မြင့်တင်ရန် အမှတ် 3,000 လိုအပ်သည်။

တစ်နည်းဆိုရသော် တတိယအဆင့်သို့ အဆင့်မြင့်တင်ရန် အမှတ် 5,000 ထုတ်ယူရမည်ဖြစ်သည်။

အမှတ်များစွာသည် ယွဲ့ရှင်းဝမ်ကို အနည်းငယ် စိတ်ဆင်းရဲစေသော်လည်း သုတေသနအဖွဲ့ကို တိုးချဲ့ရန်က အရေးကြီးပြီး သူ၏အဘိဓာန်ကို အဆင့်မြင့်ဖို့က အလျင်စလိုလုပ်ရန် မလိုအပ်ပေ။ ဒါကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။
"အမှတ် 5,000၊ ငါတို့လေးယောက်က အဲဒါကို အညီအမျှခွဲဝေရအောင်..."

ကျန်းဖျင်စစ်: "တစ်ယောက်စီ ရှင်းဝမ်ကို အမှတ် 1,250 ပေးလိုက်..."

အခြားအဖွဲ့ဝင်များက သုတေသနအဖွဲ့တွင် မပါဝင်သေးသောကြောင့် သူတို့နှင့် တိုက်ရိုက် အမှတ်ဖလှယ်လို့မရဘဲ သူတို့လေးဦးသည် သုတေသနအဖွဲ့ကို အဆင့်မြင့်တင်ရန်အတွက် အမှတ်များကို စုဆောင်းရမည်ဖြစ်သည်။

လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့သည် တွက်ချက်တတ်သူများ မဟုတ်သောကြောင့် ယွဲ့ရှင်းဝမ်ထံသို့ အမှတ် 1,250 ပေးလိုက်သည်။

ယွဲ့ရှင်းဝမ်သည် တက်ဘလက်၏ လက်ဗွေအသိအမှတ်ပြုဧရိယာပေါ်တွင် သူ၏လက်ချောင်းကို ညင်သာစွာတင်လိုက်ပြီး မျက်နှာပြင်ပေါ်တွင် အချက်ပြတစ်ခုထွက်ပေါ်လာသည်။
"C-183 သုတေသနအဖွဲ့ကို အဆင့် 3 အထိ အဆင့်မြင့်တင်ဖို့ အမှတ် 5,000 အသုံးပြုရပါမယ်၊ အတည်ပြုပါသလား?"
ယွဲ့ရှင်းဝမ်က အတည်ပြုလိုက်သည်။

နောက်ထပ်အချက်ပြတစ်ခု ထပ်ပေါ်လာသည်။
"အဆင့် 3 သုတေသနအဖွဲ့က အဖွဲ့ဝင် 12 ဦးကို ထားရှိနိုင်ပါတယ်... [X အဖွဲ့ဝင်]ရဲ့လုပ်ဆောင်ချက်ကို သော့ဖွင့်ပြီး၊ [credit မျှဝေခြင်း]ရဲ့လုပ်ဆောင်ချက်ကို သော့ဖွင့်ပြီး၊ အသေးစိတ်အချက်အလက်များကိုကြည့်ရှုရန် ကျေးဇူးပြု၍နှိပ်လိုက်ပါ..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now