Chapter 19 (သုတေသနအဖွဲ့ ၀၂) 『Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်』

843 143 0
                                    

『Unicode』

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်

Chapter 19 (သုတေသနအဖွဲ့ ၀၂)

အလိုအလျောက် check-in ဝင်ရမှာလား? ကျောင်းသားအိပ်ဆောင်က အရမ်းမြင့်နေပါလား? ယွဲ့ရှင်းဝမ်သည် ကိုင်းညွတ်၍ tablet ထဲမှာပေါ်နေသည့် ချစ်စရာ ကလေးလေးကို ကြည့်ပြီး မနေနိုင်ဘဲ ပြောသည်။
"ဒီစာကြည့်တိုက်က အရမ်းနည်းပညာမြင့်တယ်... အားလုံးကို tablet ‌တွေနဲ့ အသုံးပြုခိုင်းပြီး အိပ်ဆောင်ကိုတောင်မှ စမတ်ကွန်ပျူတာတွေနဲ့ သုံးထားတာလား?"

ကျန်းဖျင်စစ်က ညွှန်ကြားချက်များအတိုင်း tablet ပေါ်တွင် လျင်မြန်စွာ လုပ်ဆောင်နေရင်း ပြန်ဖြေသည်။
"စာကြည့်တိုက်က AI စီမံခန့်ခွဲမှုအပြည့်ကို ဖွင့်ထားပြီး နေရာအားလုံးမှာ လက်ဗွေရာမှတ်သားတဲ့ tablet တွေ ရှိတယ်... ကျောင်းသားကန်တင်းနှင့် ဈေးဝယ်စင်တာလို နေရာမျိုးတွေအားလုံးကို tablet မှာ အမှတ်ပေးချေဖို့ သတ်မှတ်ထားတယ်... အနုတ်ပထမထပ်ကနေ အနုတ်ပဉ္စမထပ်ရဲ့ လုပ်ငန်းဆောင်တာဧရိယာတွေမှာ လူသားဝန်ထမ်းတစ်ဦးမှ မတွေ့ရဘူး..."

အေးစက်ပြီး ဉာဏ်ရည်ထက်မြက်သည့် အဆောက်အဦးမျိုးက လူတိုင်းကို မျက်လုံးတစ်စုံနဲ့ စောင့်ကြည့်နေတာကြောင့် ယွဲ့ရှင်းဝမ်ကို အမြဲတမ်း စိတ်မသက်မသာဖြစ်စေသည်။ လှောင်အိမ်တွေထဲက စမ်းသပ်ခံပူးတွေလိုမျိုး သူတို့သည် စာကြည့်တိုက်အဆောက်အဦးထဲတွင် စမ်းသပ်ခံနေရပုံပေါ်သည်။

ယွဲ့ရှင်းဝမ်သည် မျက်မှောင်ကြုတ်ပြီး အဆင်မပြေမှုကို လျစ်လျူရှုကာ tablet ကို ဆက်ကြည့်နေသည်။

ကျန်းဖျင်စစ် အိပ်ဆောင်စာရင်းကို ဖွင့်ထားပြီးဖြစ်သည်။ ဧရိယာ A မှ H အထိ၊ လွတ်နေသောအဆောင်များ အရေအတွက်ကို အမှတ်အသားပြုထားပြီး နောက်တွင် "ကျပန်းကိုက်ညီမှု"ရွေးချယ်မှုဖြင့် လုပ်ဆောင်ပါသည်။ ဧရိယာတစ်ခုစီတွင် လွတ်နေသောအဆောင်ပေါင်း 100 ခန့်ရှိသည်။

ကျန်းဖျင်စစ်က မေးလာသည်။
"မင်း ဘယ်ဧရိယာကြိုက်လဲ?"

ယွဲ့ရှင်းဝမ်က ရယ်သည်။
"စာမေးပွဲမှာ ငါမဖြေနိုင်တဲ့ မေးခွန်းနဲ့ တွေ့ပြီဆိုရင် အမြဲတမ်း C ကိုရွေးတယ်... ဧရိယာ C ကို ရွေးမယ်..."

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Donde viven las historias. Descúbrelo ahora