Chapter 54 (သေခြင်းကုဒ် ဇာတ်သိမ်း) 『Volume 3 : သင်္ချာဌာန』

661 124 3
                                    

『Unicode』

Volume 3 : သင်္ချာဌာန

Chapter 54 (သေခြင်းကုဒ် ဇာတ်သိမ်း)

ကျန်းဖျင်စစ်က သစ်ကိုင်းတစ်ခုကို ကောက်ယူပြီး သူအိမ်မက်မက်ခဲ့သော ကိုယ်ရံတော်၏ ပန်းချီကားထဲက အမျိုးသမီး၏ ခါးပတ်ပေါ်ရှိ ငွေရောင်တိမ်တိုက်ပုံစံကို မြေပြင်ပေါ်တွင် ရေးဆွဲခဲ့သည်။ ယွဲ့ရှင်းဝမ်က သူ့အိမ်မက်နဲ့ နှစ်ကြိမ်စစ်ဆေးပြီးနောက် အတည်ပြုခဲ့သည်။
"ဒါက ပုံစံအတူတူပဲ..."

ကျန်းဖျင်စစ်က ဆက်ပြောလာသည်။
"စူးဝမ်ရှင်းရဲ့ ခေါင်းတလားထဲမှာလည်း ထောင့်လေးထောင့်မှာ ပုံစံတူရှိတယ်..."

ကောင်းရှောင်ရှင်းနှင့် ကောင်းရုန်ချန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ အစပိုင်းတွင် ကောင်းရုန်ချန်သည် သူတို့နှစ်ဦးနှင့်အတူ အုတ်ဂူတူးခဲ့သော်လည်း ခေါင်းတလား၏ထောင့်များမှာ ဘာပုံစံရှိသလဲဆိုတာကို သတိမထားမိခဲ့ပေ။ ဒါက ထိပ်တန်းကျောင်းသားနဲ့ သာမန်ကျောင်းသားကြားက ကွာခြားချက်ပဲမဟုတ်ပါလား? ကျန်းဖျင်စစ်သည် ထိုသေးငယ်သောအချက်အလက်များကို အသေးစိတ် ရှင်းလင်းစွာမှတ်မိနေသည်။

ယွဲ့ရှင်းဝမ်က ပြုံးကာ ကျန်းဖျင်စစ်၏ပခုံးကို ပုတ်လိုက်သည်။
"မင်းကို စိတ်ချရမယ်ဆိုတာ ငါသိတယ်..."
သူက အနားရှိ ကျောင်းသားများကို ကြည့်ရင်း မေးလိုက်သည်။
"ဒီလိုပုံစံပါတဲ့ လူတစ်ယောက်ကို အိမ်မက်မက်ဖူးလား?"

လျှိုကျောက်ချင်းက ပထမဆုံး ပြောလာသည်။
"သမားတော်က သခင်မလေးစူးကို ကယ်တင်တဲ့ အိမ်မက်မက်တုန်းက သမားတော်က အပြာရောင်အဝတ်အစားတွေ ဝတ်ထားပြီး သူ့ခန္ဓာကိုယ်မှာ ဘာပုံစံမှမပါဘူးဆိုတာ အတည်ပြုလို့ရတယ်..."

ကောင်းရှောင်ရှင်းက ဆက်ပြောသည်။
"သမားတော်က အုတ်ဂူရှေ့မှာ ငိုနေတာကို အိမ်မက်မက်တုန်းက သူက အဖြူရောင်အဝတ်အစားနဲ့ အဖြူရောင်ခေါင်းစည်းကို ဝတ်ထားတယ်... ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားတွေနဲ့တူပြီးတော့ ဘာပုံစံမှမရှိဘူး..."

အိမ်မက်ထဲတွင် ထိုကဲ့သို့ တိမ်တိုက်ပုံစံမရှိဘူးဟု အခြားသူများက ခေါင်းယမ်းကြသည်။

စာကြည့်တိုက်မှလွတ်မြောက်ခြင်း(ဘာသာပြန်)Where stories live. Discover now