တခြားအဖွဲ့ကသူတွေလည်း မစ်ရှင်တွေ အောင်မြင်ခဲ့ကြတယ်။ ဒီအထဲမှာ ဖုကျင်းရှောင်းနဲ့ ရှန်ရှင်းဆွေ့က အမှတ်အများဆုံးရခဲ့လေတယ်။ အဲ့တာကြောင့် ဆုတွေနဲ့အကျိုးခံစားခွင့်တွေကို သူတို့ရခဲ့ကြတယ်။ ဒါရိုက်တာကပြောလာတယ် "ဒီကျွန်းလေးပေါ်ကို ကျွန်တော်တို့ရောက်လာပြီဆိုမှတော့ ဒီကျွန်းပေါ်ကလူမျိုးစုတွေရဲ့ အလှအပ၊ ရိုးရာတွေကို သေချာတွေ့ကြုံခံစားကြရမယ်လေ၊ ဒီဂိမ်းမှာရရှိခဲ့တဲ့ အမှတ်စုစုပေါင်းအရ အားလုံးကို စီးပွားရေးစတင်ဖို့အတွက် အရင်းအနှီးထုတ်ပေးသွားမှာပါ"

ရှန်ရှင်းချန် ပြောလာတယ် "စီးပွားရေးလုပ်ရမှာလား?"

ဒါရိုက်တာ ခေါင်းညိတ်ကာပြောလာတယ် "ဟုတ်ပါတယ်၊ ဒီတစ်ခေါက်က အရင်တစ်ခါတွေက အလုပ်ရှာရတာတွေ ဘာတွေနဲ့ မတူပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အခုရှိနေတဲ့ ဒီတံငါရွာလေးက အရင်တုန်းက ချောင်ကျပြီး ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ဘူးလို့ ပြောလို့ရတယ်၊ ဒီနေရာကရွာသားတွေက ကြိုးစားမှုနဲ့ချမ်းသာလာခဲ့ကြတာ၊ သူတို့ကလည်း စီးပွားရေးလုပ်ခဲ့ကြတာပဲ၊ အဲ့တာကြောင့် ကျွန်တော်တို့ ဒီတစ်ခေါက်လာတဲ့အခါမှာ ရွာသားတွေရဲ့ ပင်ပန်းမှုနဲ့ရိုးရှင်းမှုကို တွေ့ကြုံခံစားကြည့်ကြမယ်၊ လှပတဲ့ဘဝရဲ့ခြေလှမ်းတွေနောက်လိုက်ကြမယ်"

ဧည့်သည်တွေရဲ့ အာရုံစိုက်မှုက တကယ်တော့ ပိုပြီးလေးနက်လေတယ်။

"ပိုက်ဆံကိုဘယ်လိုခွဲပေးမှာလဲ?"

"ငါတို့အဖွဲ့က မေးခွန်း၅ခုပဲမှန်တယ်"

"ဒါရိုက်တာကြီး အရမ်းမရက်စက်နဲ့နော်"

ဒါရိုက်တာက ပြုံးကာ ပြောလာတယ် "မေးခွန်းတစ်ခုကို ၅၀ယွမ်ပါ။ အားလုံး ကိုယ့်ပါသာကိုယ် တွက်ကြည့်ကြပါတော့"

ဒီလိုမျိုး စုပြီးတွက်ကြည့်လိုက်ရင် ဒီထဲကအမှတ်အနည်းဆုံးက ထူရာနဲ့လီလောင်ရှီးဖြစ်ပြီးတော့ စုစုပေါင်းမေးခွန်း၅ခုမှန်ခဲ့တယ်၊ ၂၅၀ယွမ်ပေါ့။ အမှတ်အများဆုံးအဖွဲ့က ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းတို့အဖွဲ့ဖြစ်ပြီး စုစုပေါင်း ၆၅၀ယွမ်ရလေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီDär berättelser lever. Upptäck nu