"လောင်ရှီး အနုပညာလောကထဲကထွက်ပြီးရင် နောက်ကွယ်မှာပဲ နေတော့မှာလားရှင့်?"

"အနာဂတ်တိုးတက်မှုအတွက် စဥ်းစားထားဖူးလားရှင်?"

"အနုပညာလောကထဲကထွက်ပြီးရင် သင့်လျော်တဲ့ သွားစရာနေရာတစ်ခု မရှိမှာကို စိုးရိမ်ခဲ့ဖူးလားရှင့်?"

အားလုံးရဲ့မေးခွန်းတွေက ပိုပိုပြီးစူးရှလာကြတယ်။ ဒါပေမဲ့လည်း အမှန်ကိုပဲ ပရိသတ်အာရုံစိုက်တဲ့ မေးခွန်းတွေဖြစ်တယ်။ အထူးသဖြင့် အခုချိန်ထိ live လွှင့်နေဆဲပဲလေ။ live roomထဲ ဝင်ရောက်လာတဲ့ ပရိသတ်တွေလည်း စိတ်လှုပ်ရှားမှုကြောင့် အသက်အောင့်ထားမိကြတယ်။

ဖုကျင်းရှောင်း ဒီမေးခွန်းတွေကို ကြားတော့ ပြုံးလိုက်ပြီးနောက် ပြန်ဖြေလိုက်တယ် "တစ်ဝက်ဆီပါပဲ။ ဇာတ်ကားရိုက်ရတာနဲ့ သီချင်းဆိုရတာကို ကျွန်တော်စိတ်ဝင်စားတယ်။ ဒါပေမဲ့ ဒီယူသင့်တဲ့ဆုတွေလည်း အကုန်ယူခဲ့ပြီးပြီ။ သရုပ်ဆောင်တစ်ယောက် အနေနဲ့လည်း အတွေ့အကြုံတွေနဲ့ စမ်းသပ်မှုတွေရှိခဲ့ပြီးပြီ။ အဲ့တာကြောင့် ပတ်ဝန်းကျင်အသစ်တစ်ခုပြောင်းပြီး မတူညီတဲ့ဘဝကို ခံစားကြည့်ချင်ရုံပါပဲ"

"တစ်ဖက်ကလည်း အိမ်မှာက ကျွန်တော်ဝင်ပြီး ကူညီပေးနိုင်ဖို့ မျှော်လင့်နေကြတယ်လေ" ဖုကျင်းရှောင်း ဒီအထိပြောပြီးသွားတော့ ဘေးနားက ရှန်ရှင်းဆွေ့ကိုကြည့်ကာ ပြုံးလျက်ပြောလာတယ် "တကယ်လို့ အနားယူလိုက်တယ်ဆိုရင် သူ့ကိုအဖော်ပြုပေးဖို့လည်း အချိန်များများရတာပေါ့"

အဲဒီစကားထွက်လာတာနဲ့ နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့တယ်။

အရင်တုန်းက မီဒီယာတွေနဲ့ လူတွေအားလုံးက ရုပ်ရှင်ဧကရာဇ်ဖုကို လူရိုးလူဖြောင့်တစ်ယောက်လို့ မှတ်ချက်ပေးကြတယ်။ ဘယ်ပွဲမှာပဲဖြစ်ဖြစ် အမျိုးသမီးကြယ်ပွင့်တွေပေးလာတဲ့ မရှင်းမလင်းဆက်ဆံရေးတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး။ ဒါအပြင် ကိုယ့်ကိုယ်ကိုယ် သန့်စင်အောင်နေခဲ့တယ်။ မကောင်းတဲ့မှတ်ချက်တွေ ဘာမှမရှိခဲ့ဘူး။ သူအရမ်းရိုးဖြောင့်လွန်းတယ်လို့ အားလုံးထင်ကြပြီး romanticဆိုတာ ဘာမှန်းတောင် မသိလောက်ဘူးလို့ ပြောကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now