ကံကောင်းစွာနဲ့ ဆေးမှုန့်တွေကို သူအစောကတည်းက ဖျက်ဆီးခဲ့ပြီဖြစ်တာကြောင့် ထောင်ထဲဝင်ရမဲ့ဘေးကနေ ကင်းလွတ်ခဲ့လေတယ်။ ဒါပေမဲ့ အခု အပြင်မှာရှိနေတဲ့ သူကိုယ်တိုင်ကလည်း အဲ့လောက်ကောင်းမွန်နေတာမျိုး မဟုတ်လေဘူး။ သူဌေးကဦးထုတ်စိမ်းဆောင်းခံရတာကြောင့် ဒေါသအကြီးအကျယ်ထွက်နေလေကာ သူ့ကိုအရင်းအမြစ်တွေ ပိတ်ဆို့လိုက်တော့တယ်။ ဒါအပြင် တစ်ချိန်က သူ့ကို မြှောက်ပင့်နေခဲ့တဲ့ လူအုပ်စုကတောင် တစ်ညအတွင်းပျောက်ကွယ်ကာ မတွေ့ရတော့ဘူး။

အိမ်ပြန်ရောက်တဲ့အချိန်ထိ ကျန်ခေါ့က ဒေါသထွက်နေဆဲဖြစ်တယ်။

"သန်း၂၀......" ကျန်းခေါ့ရဲ့အသံက ကျယ်လောင်လှတယ်။ ကြမ်းပြင်ပေါ်မှာ ကွဲအက်နေတဲ့ ပန်းအိုးတစ်လုံးရှိလေကာ သူကဒေါသသံနဲ့ပြောလာတယ် "မင်းတို့နှစ်ကောင်ရဲ့ မကောင်းသတင်းတွေကြောင့် ကုမ္ပဏီရဲ့စျေးကွက်တန်ဖိုးက သန်း၂၀တောင် ဆုံးရှုံးသွားတာကွ အခုငါတို့မဖြစ်မနေ စျေးကွက်ကနေ ထွက်မှရတော့မယ်!"

ကျန်ခေါ့ ဒေါသကြောင့် ရင်ဘက်က အထက်အောင်လှုပ်ရှားနေကာ မျက်နှာတစ်ပြင်လုံးကလည်း နီရဲနေလေတယ်။

ဆိုဖာပေါ်မှာထိုင်နေတဲ့ အန်းရန်ကတော့ တစ်လျှောက်လုံး ငိုနေလေတယ်။ မျက်နှာတစ်ပြင်လုံး မျက်ရည်တွေနဲ့စိုရွဲနေပေမဲ့ သူကပြောလာသေးတယ် "အဖေ ဒါကလည်း ကျွန်တော့်အမှားမဟုတ်ဘူးလေ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်မှမထင်ထားမိတာ အဲဒီတုန်းက အာ့ကောက ဘာမှမဖြစ်ပါဘူးလို့ ပြောခဲ့တာကို......"

ဒီစကားကို ကျန်ကျစ်ကြားတော့ ဒေါသတွေ ပေါက်ကွဲသွားပြီး အားသုံးကာ တံခါးကိုပိတ်ချလိုက်တာကြောင့် အသံကျယ်ကြီးထွက်သွားရတယ်။

အခန်းထဲကလူတွေအားလုံး သူ့ကိုကြည့်မိလိုက်ကြတယ်။

"ငါ့ကိုအပြစ်တင်တယ်ပေါ့?" ကျန်ကျစ် အေးစက်စွာရယ်လိုက်တယ် "ငါမင်းကိုဆေးခပ်ခိုင်းတယ်။ လူတွေခေါ်ပြီး ရေပူစမ်းမှာ ရိုက်ကူးရေးသွားလုပ်ပါလို့ ငါမင်းကိုပြောမိသလား?"

အန်းရန်ဆို့နင့်သွားလေတယ်။

ကျန်ကျစ် မျက်နှာချင်းဆိုင်က ဆိုဖာပေါ်မှာထိုင်ချလိုက်တယ်။ သူ အန်းရန်ရဲ့မျက်နှာကို ကြည့်နေပုံက သူ့အမျိုးကိုကြည့်နေသလိုမျိုးမဟုတ်ဘဲ ရန်သူတစ်ယောက်ကို ကြည့်နေသလိုမျိုးပဲ "တကယ်လို့ မင်းကြောင့်သာမဟုတ်ရင် ငါဒီလိုအဆုံးသတ်မျိုး ဖြစ်လာမှာတဲ့လား?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီNơi câu chuyện tồn tại. Hãy khám phá bây giờ