ဖုန်းတစ်ဖက်က ကံမကောင်းသူကတော့ ကျန်းချီဖြစ်တယ် "ဖုလောင်ရှီး... ဖုလောင်ရှီးတို့နိုးပြီလား?"

"မဟုတ်ရင်ရော" ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်တယ် "သရဲက မင်းကိုဖုန်းကိုင်မှာလား?"

ကျန်းချီ အလျင်အမြန်ပြောလိုက်တယ် "တောင်းပန်ပါတယ် ဒါပေမဲ့ လောင်ရှီးကိုအသိပေးစရာ အရေးကြီးကိစ္စတစ်ခုရှိနေလို့ပါ အဲဒီဟာ... လောင်ရှီးWeiboကြည့်ပြီးပြီလား ကျွန်တော်တို့ရဲ့မနေ့ဓာတ်ပုံတွေကို တစ်ယောက်ယောက် တင်လိုက်တယ်ထင်တယ်?"

ဒီကောင်စုတ်လေးက သဘာဝကျစွာပဲ ကျွန်တော်တို့လို့ ပြောပြီး ဘက်ပြောင်းသွားလေပြီ။

ဖုကျင်းရှောင်း သူ့ရဲ့standbyဖုန်းနဲ့ Weiboဖွင့်ကြည့်လိုက်တယ်။ ဒီနေ့မှာ marketing accountတစ်ခုက တင်ထားတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူတို့ အတော်လေး သတိကြီးကြီးထားထားလေတယ်။ ခေါင်းစဥ်က : [နာမည်ကြီးလူသစ်လေးရဲ့ အချစ်ရေးမှာ သံသယဖြစ်စရာတွေ ပေါ်ထွက်လာပြီ။ ညနက်ကြီးဖယောင်းတိုင်တွေနဲ့ညစာ။ တစ်ဖက်လူရဲ့ လိင်အမျိုးအစားကတော့ အငြင်းပွားစရာပဲ။]

ဒီနှစ်နှစ်အတွင်းမှာ လိင်တူလက်ထပ်ပွဲတွေကို ခွင့်ပြုခဲ့ပေမဲ့ အထူးသဖြင့် ပရိသတ်ရှေ့မှာ တရားဝင်တွဲပြရဲတဲ့ လိင်တူအတွဲကတော့ တစ်တွဲမှမရှိခဲ့ဘူး။ ဒါပေမဲ့အခုတော့ သံသယဖြစ်စရာတစ်ခုကို သူတို့ဓာတ်ပုံရိုက်မိခဲ့တယ်။ ဒါ့အပြင် နာမည်ကြီးတစ်ယောက်လည်း ဖြစ်နေသေးတယ်။ ဒါကြောင့် အငြင်းပွားမှုတွေ အများအပြားဖြစ်ပေါ်လာရတယ် :

"ဒါကရှန်ရှင်းဆွေ့?"

"မျက်နှာကြည့်ရတာတော့ တကယ်တူတာပဲ!"

"တံခါးပိတ်ပြီး သီချင်းရေးနေတာမဟုတ်ဘူးလား တိတ်တဆိတ်ချိန်းထားတာ?"

"ဘေးကသူ့ကိုဖက်နေတဲ့သူက အမှန်ကိုယောက်ျားတစ်ယောက်ပဲ"

"ဘုရားရေ သူကgayတဲ့လား? !"

အင်တာနက်သုံးစွဲသူတွေလည်း ဒီဖရဲသီးကြောင့် အံ့အားသင့်သွားရတယ်။ သူတို့တွေ ဆွေးနွေးနေပြီး ပထမဆုံးဖရဲသီးစားနိုင်သူဖြစ်အောင် ကြိုးစားနေကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now