အပြင်ဘက်ကနေ တံခါးခေါက်သံထွက်လာလေတယ်။ နောက်တော့ ဖုကျင်းရှောင်းရဲ့ ရင်းနှီးတဲ့ခပ်နိမ့်နိမ့်အသံ ထွက်ပေါ်လာတယ်။ တံခါးတစ်ချပ်သာခြားထားပြီး သူခေါ်လိုက်တယ် "ဆွေ့ဆွေ့"

ရှန်ရှင်းဆွေ့ တစ်ကိုယ်လုံး လှုပ်ရှားလိုက်မိတယ်။

အလွန်အိပ်ချင်နေပြီး အားအင်မရှိတာကြောင့် သူမတ်တပ်ရပ်ဖို့လုပ်လိုက်ပေမဲ့ ရပ်ဖို့အားနည်းနည်းသုံးလိုက်တာနဲ့ မြေပြင်ပေါ်လဲကျသွားတော့တယ်။

ဖုကျင်းရှောင်း အလွန်နွေးထွေးလေတယ်။ ကလေးတစ်ယောက်ကို ချော့နေတဲ့လေသံမျိုးနဲ့ သူပြောလာတယ် "တံခါးဖွင့်လိုက်နော်"

ရှန်ရှင်းဆွေ့ ခပ်တိုးတိုး ခေါ်လိုက်တယ် "ဖုလောင်ရှီး?"

အဲဒီအသံက သတိကောင်းကောင်းရှိမနေဘူးဆိုတာ သိသာနေလှတယ်။ အားလျော့နေပြီး အက်ရှနေတဲ့အသံကို နားထောင်လိုက်ရတာနဲ့ ရှန်ရှင်းဆွေ့ရဲ့ လက်ရှိအခြေအနေက အရမ်းကောင်းမနေဘူးဆိုတာ ဖုကျင်းရှောင်း သိလိုက်ရတယ်။

ဖုကျင်းရှောင်းဆီကနေ အေးစက်တဲ့အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ရှန်ရှင်းဆွေ့အပေါ်မှာတော့ နွေးထွေးစွာ ပြောဆိုဆဲဖြစ်တယ် "တံခါးနဲ့ဝေးဝေးနေ"

ရှန်ရှင်းဆွေ့ ဘေစင်ကိုအားပြုကာ မတ်တပ်ရပ်လိုက်တယ်။ သူအစက တံခါးဖွင့်နိုင်မလားလို့ စမ်းကြည့်ချင်တာဖြစ်ပေမဲ့ နောက်တစ်စက္ကန့်မှာပဲ တံခါးက အတင်းအကြပ် အဖြိုခံလိုက်ရတော့တယ်။ မခိုင်ခံ့တဲ့တံခါးဘောင်တွေက နံရံကိုထိမှန်ပြီး ကွဲအက်သံတွေ ထွက်ပေါ်လာတော့တယ်။ ရှန်ရှင်းဆွေ့ ခေါင်းမော့ကြည့်လိုက်တော့ ဖုကျင်းရှောင်းရဲ့မျက်နှာကို တွေ့လိုက်ရတယ်။ ဒီအချိန်တစ်ခဏမှာ သူအိမ်မက်ထဲမှာ ပုံရိပ်ယောင်တွေ မြင်နေရတယ်လို့တောင် ထင်လိုက်မိတယ်။

ဖုကျင်းရှောင်းကတော့ သူ့ဘေးချက်ချင်းရောက်သွားပြီး တစ်ကိုယ်လုံးကိုစစ်ဆေးကြည့်ရှုလေတယ်။ ဘာမှမဖြစ်တာသေချာမှ သူ့ကိုရင်ခွင်ထဲဆွဲပွေ့လိုက်တယ်။ မျက်နှာချင်းဆိုင်တွေ့ပြီးတာတောင် စိတ်မချနိုင်သေးလေဘူး။ ရင်ခွင်ထဲထည့်ဖက်ထားပြီး ဒီကောင်လေးရဲ့ တည်ရှိမှုကိုခံစားမိမှ၊ သူဘေးကင်းတယ်ဆိုတာသေချာမှ စိတ်ဒုန်းဒုန်းချနိုင်တော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီHikayelerin yaşadığı yer. Şimdi keşfedin