"ကျွီ"

အသံတစ်ချက်မြည်ကာ တံခါးပွင့်သွားတော့တယ်။

အပြင်ဘက်က လေတွေက မိုးရေစက်တွေကို အထဲထဲသယ်ဆောင်လာကာ ကျန်းချီကို အများကြီး အသိဝင်လာစေတယ်။ အဖြူရောင်မီးရောင်အောက်မှာ မတ်တပ်ရပ်နေတဲ့အမျိုးသားကို သူကြည့်နေရင်း တောနက်ထဲကနေ အသက်နှုတ်ယူဖို့ထွက်လာတဲ့ နတ်ဆိုးတစ်ယောက်လို ခံစားလိုက်ရတယ်။ ကြောက်ရွံ့မိသလို သူဘာမှမလုပ်လိုက်မိတဲ့အတွက်လည်း ကျေးဇူးတင်မိတယ်။

ဖုကျင်းရှောင်း မေးလိုက်တယ် "သူရော?"

ကျန်းချီ ထစ်အစွာမေးလိုက်တယ် "ဘယ်သူလဲ?"

မင်းရူးနေလားဆိုတဲ့ အမူအရာနဲ့ ဖုကျင်းရှောင်း မျက်ခုံးတစ်ချက် ပင့်လိုက်လေတယ်။ နောက်တော့ ကျန်းချီကိုကျော်ကာ အထဲဝင်သွားတော့တယ်။ ခန်းမကြီးအတွင်းက ထမင်းစားပွဲပေါ် မျက်လုံးတစ်ချက် ဝဲကြည့်လိုက်ပြီးနောက် စားပွဲအပြည့်ဟင်းတွေနဲ့ ဝိုင်နီတွေကို တွေ့လိုက်ရလေတယ်။ ဒီလိုပြည့်စုံတဲ့ညစာကိုမြင်တော့ အဓိပ္ပာယ်ခွဲခြားရခက်စွာပဲ အေးစက်စက် တစ်ချက်ရယ်လိုက်လေတယ်။

ကျန်းချီ နဖူးပေါ်ကနေတောင် ချွေးအေးတွေကျလာလေတယ်။ နောက် ခပ်တိုးတိုးဖြေရှင်းပြမိတယ် "ဒီနေ့ကကျွန်တော့်မွေးနေ့......"

ဖုကျင်းရှောင်းရဲ့အကြည့်တွေက မီးလင်းနေပေမဲ့ စေ့စေ့ပိတ်ထားတဲ့ သန့်စင်ခန်းဆီမှာ ရပ်တန့်သွားလေတယ်။ ပုံမှန်ရက်တွေမှာ နွေးထွေးပြီးပြုံးယောင်သန်းနေတတ်တဲ့ ဖီးနစ်မျက်ဝန်းတစ်စုံက ကျဥ်းမြောင်းသွားကာ တံခါးနားလျှောက်သွားလိုက်ပြီး တံခါးဝမှာရပ်တန့်လိုက်တယ်။

ကျန်းချီ အရင်ဆုံးပြေးသွားလိုက်ပြီး တံခါးခေါက်လိုက်တယ် "ဆွေ့ဆွေ့ မင်းတံခါးဖွင့်ပါ ဟုတ်ပြီလား?"

ရှန်ရှင်းဆွေ့ အသံမထွက်လေဘူး။

တံခါးတစ်ချပ်ခြားနားက အိပ်ငိုက်နေတဲ့ကောင်လေးက တံခါးချပ်ကိုမှီထားလေတယ်။ သူကျန်းချီရဲ့အသံကို ကြားလိုက်ပေမဲ့ ဘာလှုပ်ရှားမှုမှ မပြုလိုက်ဘူး။

ကျန်းချီက တစ်ခွန်းထပ်ပြောလိုက်တယ် "ဖုလောင်ရှီးလာတယ်"

ရှန်ရှင်းဆွေ့ရဲ့ခေါင်းလေး ခပ်ဖြည်းဖြည်းမော့လာလေတယ်။ ရီဝေဝေမျက်ဝန်းတွေက ပုတ်ခတ်ပုတ်ခတ်ဖြစ်နေကာ ရှည်လျားတဲ့လက်တွေက အနည်းငယ်တုန်ယင်နေလေတယ်။ သူက မယုံကြည်ရဲသလိုမျိုး ဖြစ်လေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now