ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်တယ် "ဗိုက်ဆာနေပြီလား?"

ရှန်ရှင်းဆွေ့ အနည်းငယ်အခက်တွေ့တဲ့ပုံစံနဲ့ ခေါင်းညိတ်လိုက်တယ်။

"ခေါက်ဆွဲပြုတ်တုန်းက ကိုယ့်အတွက်ကိုယ် နည်းနည်းလောက်ထည့်ပြုတ်ဖို့ ဘာလို့မတွေးခဲ့တာတုန်း?" ဖုကျင်းရှောင်း မီးဖိုချောင်ဘက်လျှောက်သွားရင်း လှမ်းပြောလိုက်တယ်။

ရှန်ရှင်းဆွေ့ ရိုးသားစွာပြောလာတယ် "မေ့သွားတာ"

စိတ်ထဲမှာ တခြားတစ်ယောက်ကို တွေးနေတဲ့အချိန် သူ့ကိုယ်သူအတွက် လုံးဝမေ့ပျောက်သွားခဲ့တယ်။ အကုန်လုံးလုပ်ပြီးလို့ စိတ်လွှတ်ချလိုက်နိုင်တဲ့အချိန်မှပဲ သူဗိုက်ဆာနေတယ်ဆိုတာ သတိထားမိတော့တယ်။

ဖုကျင်းရှောင်းက မီးဖိုချောင်ဆီလျှောက်သွားပြီး စားပွဲပေါ်မှာကျန်နေတဲ့ ဂျုံလုံးကိုယူလိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ ဂျုံကနယ်ပြီးသား ကျန်နေသေးတယ်။ သူရိုးရိုးရှင်းရှင်းပဲယူလိုက်ပြီး အိုးထဲကိုရေထည့်ကာ အပူပေးထားလိုက်တယ်။ နောက်တော့ မီးဖိုချောင်ထဲက ဓားကိုယူလိုက်တယ်။ လှုပ်ရှားမှုတွေ သပ်ရပ်စွာနဲ့ ဂျုံတွေဖြတ်တောက်နေခဲ့တယ် "အချိန်သိပ်မရဘူးဆိုတော့ ခေါက်ဆွဲမလိမ့်လိုက်တော့ဘူး စားလို့အဆင်ပြေလောက်အောင်ပဲ ဓားနဲ့ဖြတ်ပေးထားတယ်"

ညီညီညာညာ အဖြတ်တောက်ခံလိုက်ရတဲ့ ခေါက်ဆွဲတွေ အိုးထဲရောက်သွားတာကို ရှန်ရှင်းဆွေ့ကြည့်နေရင်း အံ့သြသွားရတယ် "ဖုလောင်ရှီး ဒါကိုဘယ်လိုလုပ် ချက်တတ်တာလဲ?"

ဒီအမျိုးသားမှာ အံ့အားသင့်စရာတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ သူမသိတော့ဘူး။

"အရင်က ဇာတ်ကားတစ်ကားရိုက်တုန်းက ခေါက်ဆွဲလုပ်တဲ့ဆရာတစ်ယောက်နဲ့ သေချာသင်ခဲ့ဖူးတယ်" ဖုကျင်းရှောင်း မနှေးမမြန်နဲ့ ပြောလာတယ် "ရိုးရိုးရှင်းရှင်းပဲ လုပ်တတ်တာပါ အရသာကလည်း သာမန်ပါပဲ ဗိုက်ပြည့်အောင် စားနိုင်ရုံလောက်ပဲ"

ပါးစပ်ကသာဒီလိုပြောနေပေမဲ့ ပူနွေးတဲ့ဓားလှီးခေါက်ဆွဲတွေရရှိလာချိန် ဆီပူပူထဲကို ငံပြာရည်ရောစပ်လိုက်တဲ့ ဖုကျင်းရှောင်းရဲ့ လက်လှုပ်ရှားပုံက အလွန်းကျွမ်းဝင်လှပြီး ထူးကဲလှတယ်။ ရှန်ရှင်းဆွေ့ရဲ့ ခေါက်ဆွဲရည်ကြည်ထဲမှာ ကြက်ဥတစ်လုံးပါပြီး အဲဒီကြက်ဥကိုလည်း သူပဲစားလိုက်ရတဲ့ သူ့ရဲ့ခေါက်ဆွဲနဲ့ယှဥ်ရင် မိုးနဲ့မြေလိုပဲဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now