ဖုကျင်းရှောင်း သူ့ကိုကြည့်နေမိတယ်။ မျက်စိရှေ့က ငယ်ရွယ်တဲ့မျက်နှာလေးက ဖြူစွတ်ကာ အနီရောင်ယှက်သန်းနေတဘ်။ သူ့ရဲ့မိတ်ကပ်တွေကိုလည်း ပြောင်စင်အောင်မဖျက်ရသေးဘူး။ အဲဒီကြည်လင်တဲ့မျက်နှာလေးက အကြောင်းပြချက်မဲ့စွာပဲ စင်ပေါ်မှာရှိနေခဲ့တဲ့ နတ်သမီးအငွေ့အသက်အပြည့်နဲ့ လူတိုင်းကိုအံ့သြစေပြီး မကဲ့ရဲ့ရဲလောက်စေတဲ့ နတ်သမီးလေးကို ပြန်အမှတ်ရမိလာစေတယ်။ ဖြူစင်ပုံပေါ်ကာ ဆွဲဆောင်မှုလည်း ရှိပြန်တယ်။ အခုချိန် မျက်လုံးတစ်စုံမှာလည်း ချစ်ခြင်းမေတ္တာ အရိပ်အမြွက်တွေ ရှိနေလေတယ်။ အကြည့်ချင်းဆုံသွားချိန်မှာ အကြောင်းပြချက်မရှိ လူကိုအမှားကျူးလွန်မိအောင် ပြုလုပ်နေတယ်။

ဖုကျင်းရှောင်း အသည်းယားသွားရကာ သူ့ကိုအနိုင်ကျင့်ချင်လာတယ်။

ရှန်ရှင်းဆွေ့က သူ့သဘောထားကို သဘောပေါက်သွားတဲ့ပုံစံနဲ့ လက်မောင်းသုံးကာ တွန်းကန်ငြင်းဆိုလာတယ်။ သူကအသံတိုးတိုးနဲ့ "မလုပ်နဲ့......"

ဖုကျင်းရှောင်း မျက်လုံးအောက်က ပြုံးရိပ်လေးတွေက ဒီတစ်ခဏမှာ ကွယ်ပျောက်သွားရတော့တယ်။ သူမျက်ဝန်းတွေ နက်မှောင်သွားခဲ့တယ်။ အနည်းငယ်ရှတကာ ဖိနှိပ်မှုရှိတဲ့အသံနဲ့ မေးလာတယ် "ဘာလို့လဲ"

"မနက်ဖြန် နှုတ်ခမ်းတွေရောင်နေရင် ရှင်းပြလို့မရဖြစ်နေလိမ့်မယ်" ရှန်ရှင်းဆွေ့က ကောစဥ်းစားကြည့်ပါဆိုတဲ့ အမူအရာနဲ့ဖြစ်တယ် "ကျွန်တော်တို့မနက်ဖြန်ကျရင် ရိုက်ကူးရေးလုပ်ရဦးမှာ အဲဒီအချိန်ကျမှ အားလုံးမြင်သွားရင်......"

သူ့ရဲ့စိုးရိမ်မှုက အဘက်ဘက်ကနေ ထွက်ပေါ်လာခဲ့တယ်။

ဖုကျင်းရှောင်း မညှာတာဘဲရှိလိမ့်မယ်လို့ ဘယ်ထင်ထားမိမတုန်း။ ရုပ်ရှင်ဧကရာဇ်ဖုက ရယ်လိုက်ပြီး ပြောလာတယ် "မြင်ရင်လည်း မြင်ပါစေပေါ့"

"......"

ဘယ်လိုလုပ် ဒီလောက်တောင် နိုင်ထက်စီးနင်း လုပ်နိုင်ရတာလဲ။

ရှန်ရှင်းဆွေ့ စိတ်ထဲမှာ ပြောနေမိတဲ့အချိန်မှာပဲ ဗိုက်ဆာနေတာကြောင့် သူ့ဗိုက်ထဲကနေ အသံထွက်လာကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေတယ်။ ဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့ ခြံဝန်းလေးထဲမှာတော့ အသံကရှင်းလင်းလွန်းလှတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTahanan ng mga kuwento. Tumuklas ngayon