[ဖုကျင်းရှောင်း အရှုံးပေးလိုက်ခြင်း]

ဒီhot searchက ၁၀မိနစ်လောက်အချိန်အတွင်းမှာပဲ ထိပ်ဆုံးထိရောက်လာတော့တယ်။ စိတ်အားထက်သန်တဲ့ အင်တာနက်အသုံးပြုသူတစ်ချို့က အဲဒီအပိုင်းကို ဗီဒီယိုအတိုလေးတွေအဖြစ် တည်းဖြတ်ကာ ဖရဲသီးစားတဲ့အုပ်စုကို အံ့အားသင့်စေလိုက်တယ် :

"ဒါကအရမ်းချစ်လွန်းနေတာမဟုတ်ဘူးလား"

"အစ်ကိုတစ်ယောက်အနေနဲ့ သူကတိတိလေးကို တကယ်ကိုပေါ်တင်ချစ်ပေးတာပဲ"

"တော်လိုက်ပါတော့ မင်းတို့အဲဒါကို ညီအစ်ကိုဆက်ဆံရေးလို့ ခေါ်နေသေးတယ်ပေါ့"

"သူတို့ကချစ်သူတွေဆိုတာ ငါလက်မခံနိုင်ဘူး"

"အခုဘယ်ခေတ်တာရောက်နေပြီလဲ လိင်တူကြိုက်တာကို လက်မခံနိုင်ကြသေးဘူးလား ပေါ်လစီကတောင် လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ဖွင့်ပေးလိုက်ပြီလေ"

"ဒါကအဓိကအကြောင်းအရာနဲ့ ဆန့်ကျင်သွားပြီ"

"ကြည့်ရတာ နည်းနည်းလိုက်ဖက်ညီနေတယ်ဆိုပေမဲ့ သူကဖုလောင်ရှီးနဲ့ မထိုက်တန်သေးဘူးလို့ ငါထင်နေတုန်းပဲ ဝူးဝူးဝူး......"

ပရိသတ်တွေကလည်း အကောင်းလားအဆိုးလား မခွဲနိုင်စွာ တဖွဲဖွဲဆွေးနွေးနေကြတယ်။ အင်တာနက်ပေါ်က ဆွေးနွေးမှုမှာ အုပ်စုနှစ်စု ထွက်ပေါ်လာခဲ့တယ်။ cp fanအုပ်စုက ရူးသွပ်စွာ ခေါင်းညိတ်သဘောတူနေကြတယ်။ တခြားတစ်အုပ်စုကတော့ ဆန့်ကျင်ဘက် သဘောထားတွေ ကိုင်စွဲထားလေတယ်။ အုပ်စုအသေးလေးဖြစ်တဲ့ ဖရဲသီးစားအုပ်စုကတော့ တိတ်ဆိတ်စွာပွဲကြည့်ဖို့ပဲ ဆုံးဖြတ်ထားကြတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဆီမှာ အသိအမြင်တစ်ခုတော့ ဖြစ်ပေါ်သွားကြတယ်။ ဖုကျင်းရှောင်းက ရှန်ရှင်းဆွေ့ကို ချစ်နေတယ်။

ဘယ်လိုပဲပြောကြပြောကြ...

သူကတော့ရှန်ရှင်းဆွေ့အပေါ်ကို ပိုပြီးချစ်နေဆဲပဲ။

ဒီတစ်ချက်ကိုတော့ ရုပ်ရှင်ဧကရာဇ်ဖုက လုံးဝကွယ်ဝှက်ထားခြင်းမရှိဘူး။ ဘယ်တော့မှလည်း ဖုံးကွယ်ထားမှာမဟုတ်ဘူး။ ဒီလူက တစ်ခါတစ်လေမှာတော့ ရိုးသားပွင့်လင်းကာ ဖြောင့်မတ်တဲ့လူဖြစ်တယ်။ ဖန်တွေအတွက်ပြောရရင် ဒါကသူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ကာကွယ်ဆေးထိုးပေးတာလိုပဲ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now