Chapter 97: Elixir sale

Start from the beginning
                                    

“မင်းအဖေဘယ်မှာလဲ?” ထျန်ဖေးက မေးသည်။

“ကျွမ့်ယန်ဆေးတွေဝယ်ဖို့ လာတာလား?” ရှောင်ရှောင်ဖန်က ရှောင်ရှောင်တုန် နောက်ကနေ မေးလိုက်သည်။

ထျန်ဖေးက ခေါင်းညိတ်ပြီး “ဟုတ်တယ်”

“ဖေဖေက အားလုံးလုပ်ပြီးပြီ။ အစ်ကို သူ့ကိုထုတ်ပေးလိုက်အုံး” ရှောင်ရှောင်ဖန်က ရှောင်ရှောင်တုန်ကို ပြောလိုက်သည်။

ရှောင်ရှောင်တုန်သည် ဖန်ပုလင်းဗူးအကြီးကို သယ်ထုတ်လိုက်သည်။ အထဲမှာတော့ ကျွမ့်ယန်ဆေး ရာဂဏန်းလောက် ပါရှိပေသည်။

ထျန်ဖေးသည် ဆေးများကို မြင်သောအခါ ငွေတောင်ကြီးကို မြင်လိုက်ရသလိုပင်၊ သူ ချက်ချင်း ပြုံးလိုက်မိသည်။

“အစ်ကိုရှောင်က စကားတည်တယ်!” ထျန်ဖေးက အလွန် ကျေနပ်သွားသည်။ ရှောင်ကျင့်ထျင်သည် ဤမျှလောက်များပြားသော ဆေးလုံးများ မသန့်စင်နိုင်ဟု ထင်နေခဲ့သောကြောင့် အားလုံးအဆင်သင့်ဖြစ်နေမည်ကို မမျှော်လင့်ထားခဲ့ပေ။

ရှောင်ရှောင်ဖန်က ထျန်ဖေးကို စူးစမ်းလိုစိတ်ဖြင့်ကြည့်ကာ

“ဦးလေး.. ဦးလေးက အဆာပြေစားဖို့ ဆေးလုံးတွေ အများကြီးဝယ်ခဲ့တာလား?”

ရှောင်ရှောင်ဖန်၏စကားကိုကြားသောအခါ ထျန်ဖေးအံ့ဩသွားသည်။ ကျွမ့်ယန်ဆေးကို အဆာပြေအစာအဖြစ် စားရမယ်? ဒီလိုအဆုံးသတ်ကို ရင်ဆိုင်နိုင်ဖို့ သူ့မှာ သတ္တိမရှိဘူး!

“ဟုတ်မလားဟ” ထျန်ဖေးက ပြောသည်။

“ဦးလေး စားကြည့်ပြီးပြီလား။ ဒီဆေးက အရသာရှိလားဟင်” ရှောင်ရှောင်ဖန်က မေးသည်။

ထျန်ဖေး “....” ငါမစားဘူး! သူများတွေစားဖို့ ဝယ်ခဲ့တာကွ။ ငါ့မှာ ဒီလိုပြဿနာမရှိလို့ စားစရာမလိုဘူး!

“ကျွန်တော်စားကြည့်ချင်ပေမယ့် အစ်ကိုက မစားခိုင်းဘူး။ ကျွန်တော့်ကို ရိုက်တောင်ရိုက်သေးတယ်” ရှောင်ရှောင်ဖန်က ရှောင်ရှောင်တုန်ကို စိုက်ကြည့်နေရင်း ဝမ်းနည်းမှုအပြည့်နဲ့ ပြောလိုက်သည်။

ထျန်ဖေး “….” မင်းကို ရိုက်တာမှန်ပါတယ်၊ မင်းက မိုက်မဲတဲ့ ကလေးပဲ။ ဒီလိုဟာမျိုးကို ဘယ်လိုစားမှာလဲ?

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now