Chapter 97: Elixir sale

Start from the beginning
                                    

ရွှီမုရန်သည် သူ့ဗိုက်ကို ထိလိုက်ပြီး

“စိတ်မပူပါနဲ့.... ကျွန်တော်အဆင်ပြေပါတယ်။ အရင်ရှောင်ဖန့်ကို ကိုယ်ဝန်လွယ်ထားရတုန်းက ကျွန်တော်နေ့တိုင်း အမဲလိုက်ဖို့ တောင်ပေါ်တက်ခဲ့ရတယ်။ ဒီအဂ္ဂိရတ်လုပ်‌ငန်းလောက်က မပင်ပန်းနိုင်ပါဘူး၊ ကျွန်တော့်မှာ ခံနိုင်ရည်ရှိပါတယ်”

သို့ဆိုသော်လည်း မကြာခင်မှာ မွေးတော့မှာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရအုံးပေမည်။

ရှောင်ကျင့်ထျင်ခဏလောက် ထိတ်လန့်သွားပြီး

“ဒါက မင်းအတွက် ခက်ခဲခဲ့မှာပဲ” ဟုပြောလိုက်သည်။

ရွှီမုရန်က ပြုံးကာ ရှောင်ကျင့်ထျင်ကို မှီလိုက်သည်။

“အခုမင်းက ဒီမှာရှိနေပြီပဲ။ ကျွန်တော်ဘာတွေများ ထပ်လိုအုံးမှာလဲ?”

ရှောင်ကျင့်ထျင်သည် ရွှီမုရန်ကို ပွေ့ဖက်လိုက်ပြီး သူ့နှလုံးသားထဲ၌ ပြင်းထန်သော နာကျင်မှုက လွှမ်းခြုံလာခဲ့လေသည်။

တံခါးခေါက်သံကြောင့် ရှောင်ရှောင်တုန်သည် မျက်လုံးများကို ပွတ်သပ်ပြီး တံခါးဖွင့်ရန် ထလိုက်သည်။

ရှောင်ရှောင်တုန်သည် တံခါးဝတွင် အနီရောင်ဝတ်ထားသော အမျိုးသားကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး

“အစောကြီးရှိသေးတယ်၊ ခင်ဗျားဘာလာလုပ်တာလဲ?”

ထျန်ဖေးက သူ၏ခေါက်ယပ်တောင်ကို ခါယမ်းလိုက်ပြီး

“အစောကြီး မဟုတ်ဘူးကွ။ စောစောထတဲ့ငှက်အစာရတယ်ဆိုတာ မင်းမသိဘူးလား ကလေး! မင်း စောစောအိပ်ပြီး စောစောထတဲ့ အလေ့အကျင့်ကောင်းကို ဆောင်ထားသင့်တယ်”

ရှောင်ရှောင်တုန်က သံသယစိတ်နဲ့ပြောသည်။

“ဒါပေမယ့် ခင်ဗျားက ညဘက်နောက်ကျတဲ့အချိန်အလုပ်လုပ်တယ်လို့ ကြားတယ်။ အဲဒီအလေ့အကျင့်ကောင်းဆိုတာကို ခင်ဗျားလဲ ဆောင်ထားသင့်တယ် မဟုတ်လား?”

ထျန်ဖေး “... “ ဒီကောင်ကလေးက တကယ် ချစ်ဖို့မကောင်းလိုက်တာနော်!

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now