ရွှီအန်းကျန်း သူ့ကိုစိုက်ကြည့်လာပြီး "မင်းလျှောက်ပြောမနေနဲ့တော့ ဗိုက်ဆာတယ်ဆိုလည်းမြန်မြန်စား"

ညစာစားပွဲတက်ကြတဲ့သူတို့အကုန်လုံးထဲ ရွှီအန်းကျန်းတို့က စကားပြော၊နှုတ်ဆက်ကြဖို့ အလုပ်များနေခဲ့ကြတယ်။ ရှန်ရှင်းချန်ကလည်း ညီမလေးတွေနဲ့ အနောက်မှာကစားနေခဲ့တယ်။ ရှန်ရှင်းဆွေ့ကလည်း ဝိုင်အသောက်များပြီး အန်တောင်အန်ခဲ့သေးတယ်။ အဲဒါကြောင့် အခုချိန်မှာ အားလုံးဗိုက်ဆာနေကြပြီဖြစ်တယ်။ ခေါက်ဆွဲပြုတ်တစ်အိုးလုံး သပ်သပ်ရပ်ရပ် ခွဲဝေစားသောက်လိုက်ကြတယ်။

ခေါက်ဆွဲကခပ်မာမာလေးဖြစ်ပြီး အရည်ကတော့ အရိုးပြုတ်ရည်ကိုသုံးထားတာဖြစ်နိုင်ကာ အရသာရှိလှတယ်။ ဖြည့်စွက်စာတွေအများကြီးလည်းထည့်မထားဘဲနဲ့ ရိုးရိုးရှင်းရှင်းခေါက်ဆွဲပြုတ်တစ်ပန်းကန်သာဖြစ်တယ်။ အရသာကောင်းလွန်းလို့ စွဲမက်သွားစေလှတယ်။

ရှန်ရှင်းချန်ပြောလာတယ် "သခင်မကြီးလုပ်တဲ့ခေါက်ဆွဲပြုတ်ကိုသာ အမြဲစားလို့ရရင်ကောင်းမှာပဲ အဲဒီကံကောင်းမှုရှိမနေတာ နှမြောစရာကောင်းလွန်းတယ်"

ရွှီအန်းကျန်း သူ့ကိုအသားတစ်ပိုင်း ညှပ်ထည့်ပေးလာပြီး ပြောလာတယ် "တကယ်လို့ မင်းသာမျက်နှာအရည်ထူပြီး နေ့တိုင်းသွားမယ်ဆိုရင် သခင်မကြီးကလည်း မင်းကိုမောင်းထုတ်မှာမဟုတ်ဘူး ဒါပေမဲ့ အဲဒီကံကောင်းမှုကတော့ တကယ်ပဲမင်းမှာမရှိဘူး"

ရှန်ရှင်းချန်ကပြန်ပြောလိုက်တယ် "ကျွန်တော့်မှာမရှိဘူးဆိုပေမဲ့ အမေတို့မှာလည်းမရှိဘူးဆိုတာသိတော့ တရားမျှတပါတယ်လေ"

ဒီကလေးက အမြဲတမ်း အရိုက်ခံရမဲ့စကားမျိုး ပြောတတ်လေတယ်။

ရွှီအန်းကျန်း 'ဟမ့်'ခနဲလုပ်လိုက်ပြီး ပြောလိုက်တယ် "မင်းမှာမရှိဘူးဆိုပေမဲ့ မင်းတိတိမှာရှိနေနိုင်တယ်လေ"

ဒီစကားက တခြားအဓိပ္ပာယ်တွေ ပါဝင်နေတယ်လို့ ပြောလို့ရပြီး အိမ်တွင်းကိစ္စတွေကို သိတဲ့လူမှသာလျှင် နားလည်နိုင်မှာဖြစ်တယ်။ ဒီမတိုင်ခင်တုန်းကတော့ ရှန်ရှင်းဆွေ့ အနည်းငယ်ပျော်နေမိလိမ့်မယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူရှင်းရှင်းလင်းလင်းသိသွားပြီဖြစ်တယ်။ အဲတာကြောင့် ပန်းကန်ကိုကိုင်ထားရင်း အသံတိုးနဲ့ပြောလိုက်တယ် "ကျွန်တော့်မှာလည်း မရှိလောက်ပါဘူး......"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now