ဖွားဖွားက ခပ်ဖွဖွပြောလာတယ် "အရမ်းကြီး အဖိုးတန်တဲ့ပစ္စည်းလည်း မဟုတ်ပါဘူးကွယ်"

ဖုကျင်းရှောင်းတကယ်ရယ်ချင်မိသွားတယ်။ အဲဒီတံဆိပ်တုံးက ဖုမိသားစုရဲ့လက်ဗွေနဲ့ဖြစ်သရွေ့ အရေးတကြီးလိုအပ်နေတဲ့အချိန်တွေမှာဆိုရင် ဖုမိသားစုနာမည်နဲ့ ဘယ်ဘဏ်မှာမဆို ပိုက်ဆံထုတ်လို့ရတယ်။ လွတ်လပ်မှုအလွန်မြင့်မားပြီး အဲဒီတံဆိပ်တုံးကလည်း အိမ်တော်ကြီးရဲ့မိသားစုဝင်တွေမှာသာရှိတာဖြစ်တယ်။ အဲတာကို ရှန်ရှင်းဆွေ့ဆီပေးလိုက်တဲ့အဓိပ္ပာယ်က အရမ်းထင်ရှားနေတယ်။ ဒါကလုံးဝကို မိသားစုဝင်တစ်ယောက်အဖြစ် လက်ခံပြီးနေပြီလို့ ပြောနေတာပဲဖြစ်တယ် "အဖွားဒါကလောလွန်းနေတာမဟုတ်ဘူးလား"

"အဲ့တာကလည်း မြေးတစ်ယောက်တည်း မလောနေတာကြောင့် မဟုတ်ဘူးလား?" ဖွားဖွားက အရှေ့ကိုခပ်ဖြည်းဖြည်းလျှောက်သွားလိုက်တယ်။ လျှောက်သွားရင်းနဲ့ "အဖွားမြေးကိုပြောပြမယ် အသက်တစ်ခုတည်းကြောင့်နဲ့ သူများကို ကလေးလို့သွားမသတ်မှတ်နဲ့ ကလေးတစ်ယောက် ကြီးပြင်းလာတာက အရမ်းမြန်လွန်းတယ် မင်းတုံ့ပြန်နိုင်တဲ့အချိန်ကျရင် နောက်ကျနေပြီးသားဖြစ်နေလိမ့်မယ်"

ဖုကျင်းရှောင်း မျက်ခုံးပင့်သွားရတယ်။

ဖွားဖွားက သူ့ကိုလှည့်ကြည့်လာရင်း အဓိပ္ပာယ်နက်ရှိုင်းစွာပြောလိုက်တယ် "သတိလက်လွတ်မနေနဲ့ မဟုတ်ရင် အနာဂတ်ကျ နောင်တရစရာအချိန်တွေ ရှိလာလိမ့်မယ်"

ဖုကျင်းရှောင်း မူလနေရာမှာပဲရပ်နေခဲ့တယ်။ နက်ရှိုင်းတဲ့မျက်ဝန်းတွေက မှောင်မိုက်နေပြီး အတွေးထဲနစ်ဝင်နေခဲ့တယ်။

......

အောက်ထပ်

အနောက်ပန်းခြံနေရာ, ရှန်ရှင်းဆွေ့ ရှန်ရှင်းချန်ဘေးမှာထိုင်နေရင်း မလှမ်းမကမ်းက မီးရှူးမီးပန်းတွေကို ကြည့်နေခဲ့တယ်။

ရှန်ရှင်းချန်ဆိုတဲ့ ဖြူကောင်လေးကလည်း အတော်လေးအနှစ်သက်ခံရလေတယ်။ အချိန်ခဏလေးအတွင်းမှာပဲ မိန်းကလေးတွေနဲ့ အနားမှာရှုတ်ရှပ်ခတ်နေတော့တယ်။ သူကနဂိုကတည်းက တက်ကြွတဲ့ကောင်လေးဖြစ်ပြီး ယဥ်ကျေးမှုရှိကာ မိသားစုအခြေအနေကတော့ ပြောစရာမလိုအောင်ကိုဖြစ်တယ်။ အဲတာကြောင့်လည်း အလွန်အမင်းသဘောကျနှစ်သက်ခံရတာဖြစ်တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now